တစ်ခါလာသည်မျိုး

" တစ်​ခါလာ သည်​မျိုး "

လယ်​​မြေတလင်းမှာကွဲ့
မှည့်​ဝင်းတဲ့ စပါး​ရွှေ
တောင်​လိုပုံ​နေ။
သို့​သော်​​လေ
ရွာမ​နေ သည်​ဆန်​စပါး။
အချိန်​တန်​ ကျန်​​လေရိုးဟာက
မျိုး စပါး များ။ ။

" နင်းကြမ်း "

လယ်​​မြေစိမ်းမှာဖြင့်
လယ်​သိမ်းမည့်​ ကွင်းပြင်​။
မျိုးအခွန်​ လယ်​အခ
သမ လျက်​ပင်​။
အသီးကိုမြင်
ကြွေးရှင်​​တွေ ပတ်​ဝိုင်း။
လယ်​လုပ်​သူ လယ်​ခစားကို
ပွဲစားက ခိုင်း။ ။

" နယ်​လှည့်​ခြင်း "

ဇာတ်​စကား
ဓာတ်​ပြားလည်း မကယ်​နိုင်​။
တောင်​သူလယ်​ ယာမလုပ်​ကယ်
ငုတ်​တုတ်​သာ ထိုင်​။
ဝမ်းထွာဆိုင်
မခိုင်​​ပေါင်​ အလုပ်​ရှား။
တော​နေမှိုင်​ ​တောင်​သူခက်​​တော့
မြို့တက်​ လို့သွား။ ။

" စ​ပေါ်မနိုင်​ ကျူးမှာထိုင်​ "

မြို့​တွေများ
လိမ်​စားတဲ့ ကမ္ဘာ။
ဂတုံး​ပေါ် ထိပ်​ကွက်​လို့
စိတ်​ပျက်​ စရာ။
လာလို့သာ လာရတာ
နေစရာ ရှိဘူး။
ဟောဟိုမှာ လူ​တွေစုကွဲ့
သုခုမ ကျူး။ ။

" ​နေရရင်​​တော်​ပါပြီ "

ဟောက်​စား​တွေနှင့်
ခြောက်​စားတို့ ပုံ​ဖေါ်။
ဟို​နေရာ သည်​တစ်​ကွက်
ငွေ တွက်​လို့ ​ဆော်​။
သစ်​ဝါးရှား ​ဈေးက​အော်
အ​တော်​​ကွယ်​ လော်​မာသူများ။
လက်​ခ​ တွေ တကယ်​ကြီးလို့
ဝါးနှီး တုတ်​ထား။ ။

" ဖျက်​ပ​ဟေ့ "

ဆိုင်းဗုံသံ သာသထင့်
ဆိုင်းမဆင့်​ ဗုံ​ထောင်​။
ရပ်​မိုး​စွေ ​လေနီရမ်း​တော့
ခင်​ကြမ်း ပါ​ပြောင်​။
ကျူးဖျက်​သတဲ့​မောင်
အောင်​ဘာ​လေ ပိတ်​ပွဲ။
မြန်​မာမှာ လူမလုပ်​ကွဲ့
ဒုက္ခ နဲ့ တွဲ။ ။

" ဘဝဆက်​တိုင်းလွဲပါ​စေ "

ရွာပြင်​မှာ ဘီလူးစီး
မြို့ကြီးမှာ ဘီလူးစွယ်​။
စား​သောက်​ကုန်​ ခွန်​ဘီလူးတို့
မြူးကြွ ရာဝယ်​။
မျက်​နှာငယ်
"အ" ​လေတယ်​ တို့​ရွာသား။
ဒူးမျက်​ရည်​ ကြိမ်​ကြိမ်​သုတ်​လို့
ဒုက္ခ ​တွေများ။ ။

" သည်​ငမဲ ဖြင့်​ ထဲ့​တော့​ပေါင်​ "

နောက်​လာဆွယ်​ ငါမထဲ့
မဲ ဆွယ်​ တဲ့ သူ​တွေ။
တစ်​ခါလာ သည်​ငမဲတွက်
ပွဲ လှည့်​​ဖေါ်​ရွေ။
စိတ်​ကုန်​ပြီ​လေ
သည်​အ​ဖြေ သည်​အချိုး။
လယ်​သာကုန်​ ရွာဘုံပျောက်​ကယ်
ဇောက်​တိ ​ဇောက်​ထိုး။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်