ပြစ်ဒဏ်ဟူသောဥပဒေသာလျှင်

" ပြစ်​ဒဏ်​ ဟူသော ဥပ​ဒေ သာလျှင်​ "

ငါငိုရပြီ ၊ ငါ့မျက်​ရည်​နဲ့
ငါသည်​စကား ​ပြောဖြစ်​ပြီ။

ငါ့​သွေးခွန်​အား ၊ ငါ့လုပ်​အားနဲ့
ငါကားကြိုးစား ခဲ့ပါသည်​။

ငါ့​မြေငါ့​ရေ ၊ ငါတို့​ပြေမှာ
ငါ​နေဖို့ရာ ခက်​လှပြီ။

ငါ့မိသားစု ၊ မြို့ပြင်​စု၌
ကျူးဟု​ခေါ်ရာ ​ရောက်​ခဲ့သည်​။

ဝါးနှီးယက်​ဖြာ ၊ ဓနိကာ၍
မြေမာချိုင့်​ထဲ ​ဆောက်​ခဲ့ပြီ။

ကျူး​တွေဖျက်​ဖို့ ၊ လူတချို့က
ငါတို့​နေရာ ​ရောက်​ခဲ့သည်​။

ငါရပ်​တစ်​ပါး ၊ အလုပ်​သွားတုန်း
သနားမညှာ ဖြစ်​ကြပြီ။

ငါ၏မယား ၊ ငါ၏သားတို့
ကမ်းနားသစ်​ပင်​ ဖြစ်​ခဲ့သည်​။

ကျောတစ်​ပြားစာ ၊ ပိုင်​ဆိုင်​ရာကား
ငါ့အား​လှောင်​ရယ်​ ပြုကြပြီ။

ငါ၏အစွမ်း ၊ ဘဝနွမ်းလျက်
မျက်​ကန်းတ​စ္ဆေ ​ကြောက်​ခဲ့သည်​။

ငါတို့တစ်​​တွေ ၊ လမ်း​ပေါ်​သေမည့်
ခွေး​လေ​ခွေးလွင့်​ ဖြစ်​ရပြီ။

ငါ့အ​ဖေလည်း ၊ လယ်​ယာထဲမှာ
ရင်​ကွဲမျက်​ရည်​ ကျခဲ့သည်​။

ယခုငါ့လှည့်​ ၊ အားကိုးမဲ့စွာ
ဒူးနဲ့မျက်​ရည်​ သုတ်​ရပြီ။

ရေ​မြေ​ပြောကျယ်​ ၊ ​မွေးရပ်​လည်​၌
ဘယ်​လိုစခန်း သွားရမည်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်