မာယာသားကောင်များ
" မာယာသားကောင်များ "
သားသူငယ် ရင်လွယ်ထား
ကျောသားကျ နောက်သားတင်
မျောက် မွေးမိခင်။
တိရစ္ဆာန် ပင်လျှင်
မြတ်နိုးကြင် ယုထွေး။
လူအများမှာဖြင့်
ရှုစားမြင် ရွှေရင်ကျိုးအောင်
စိုးထိတ် ဖွယ်လေး။ ။
လူမျိုးခြား ကျတော့
ခစားလို့ သွန်းရံရွေ
ရွှန်းရွှန်းကို ဝေ။
အမျိုးသား ကျတော့လေ
သေချင်သေ ကွယ်ပုန်း။
ပင်နီပင်ညိုညိုနဲ့
ရိုးရာကို လူလိမ်ညစ်တို့
ချစ်ဖွဲ့ နှောင်ထုံး။ ။
" သစ်ရိပ်ညို "
သားသူငယ် ရင်လွယ်ထား
ကျောသားကျ နောက်သားတင်
မျောက် မွေးမိခင်။
တိရစ္ဆာန် ပင်လျှင်
မြတ်နိုးကြင် ယုထွေး။
လူအများမှာဖြင့်
ရှုစားမြင် ရွှေရင်ကျိုးအောင်
စိုးထိတ် ဖွယ်လေး။ ။
လူမျိုးခြား ကျတော့
ခစားလို့ သွန်းရံရွေ
ရွှန်းရွှန်းကို ဝေ။
အမျိုးသား ကျတော့လေ
သေချင်သေ ကွယ်ပုန်း။
ပင်နီပင်ညိုညိုနဲ့
ရိုးရာကို လူလိမ်ညစ်တို့
ချစ်ဖွဲ့ နှောင်ထုံး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment