ရိုးသားတဲ့တို့တောရွာ

" ရိုးသားတဲ့ တို့တောရွာ "

အဆီအဆိမ့် တွေဖြင့်
ငါမမိန့် ချင်ဘူး
ထမင်းချမ်းခဲ မီးဖုတ်လေးသာ
လွေးလို့ ကြည်နူး။

ဖဲမွေ့ယာ ကမ္ဗလာ
ငါမအိပ်ချင်ဘူး
ထန်းချောဖျာ သည်တစ်ချပ်သာ
တပ်မက် ကြည်နူး။

ရွှေဘိုဆန် ပေါ်ဆန်းမွှေး
လွေးဖို့ စိတ်မကူး
ငစိန်ဆန် ဆန်အကြမ်းမှ
ဝမ်းငြိမ်း လို့နူး။

ဒိုးဒိုးဒန့်ဒန့်တွေနဲ့
ရှိုးစတန့် မမက်ပါဘူး
ကွင်းလယ်ရေ ကြိုက်ခတောင်းရယ်
ခေါင်းပေါင်း နဲ့မြူး။

စေ့ရေလက်ငုံ
ဘက်မစုံ တို့ရွာတောက
ရွာတောင်ဖက် လယ်တစ်ကြောမယ်
ပေထန်းတော ငှက်ပျောကြံညိုညို
ပဲနှမ်းရယ်နဲ့ ယာခင်းကစိုစို။

မြောက်ဖက်က ကုန်း ကမူဝယ်
ထုံးဖြူဖြူ စေတီဦးမှာ
ဖူးမြော်လို့ ခဝပ်တွား
မြတ်ဘုရားထံ ဆီမီး နံ့သာ ပန်းရယ်နှင့်
ဆွမ်းဦး တင်လို။

အနောက်ဖက်တောတန်း
ချောင်းကမ်းအရပ်ဆီသို့
နေညိုစပ်စပ် ရေခပ်ဆင်းဖို့ အရေး
ရေအိုးလေး ကိုယ်စီကိုယ်စီနဲ့
ချိုတေးသီကြရဲ့ တကြော်ကြော်အော်
ဖော်တစ်သင်းငယ်တို့ သီချင်းတွေဆို
အပျိုဖြန်း အလျှိုအလျှိုတို့ တန်းစီလို့သွား။

အရှေ့လမ်း ဖြောင့်မတ်မတ်
မြို့အရပ် ဆက်စပ်လမ်းမှာတဲ့
တမာတန်းရယ်နှင့် ပင်ထနောင်းအသွယ်သွယ်
ရွာဦးကျောင်း ဆရာတော်ရဲ့
တိုက်ကျောင်းလေးကလည်း ခပ်ငယ်ငယ်
ကျောင်းနေအရွယ် လူမမယ် စာသင်သား
တို့ရွာသူ တို့ရွာသားတို့မှာဖြင့်
အားကိုး လို့ထား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်