ဒါတို့စာတို့ဘာသာ

” ဒါတို့စာ တို့ဘာသာ ”

မြန်မာစာ သဒ္ဒါမျိုးမှာဖြင့်
ငုတ်လျှိုးလို့ မတင့်တယ်
ထုတ်ဖေါ် ကြမယ်။
ပုပ်သိုးမယ့် ကဗျာစာရယ်
ကမ္ဘာဝယ် မဖြစ်ရေး။
မျိုးမြန်မာ အမျိုးများတို့
ကြိုစား စို့လေး။ ။

အခြေခံ အရင်းစစ်တော့
ဇစ်မြစ်က ခိုင်ခိုင်မာ
တို့ မြန်မာစာ။
ရှေးထဲက ခန့်ကြည်စွာ
တည်တံ့လာ ပြီပဲ။
ခေတ်သစ်ဆီ မောင်မယ်လက်ဝယ်
ထမ်းရွက် သင့်မြဲ။ ။

ကကြီး မှ အ အဆုံး
ရှေးထုံးနည်း မြန်မာစာ
စေ့စေ့ ငုံစွာ။
တိကျလို့ အသေအချာ
လေ့လာကာ မှတ်သား။
မျိုးမြန်မာ ဂုဏ်ရောင်တင့်အောင်
မြှင့်တင် စို့လား။ ။

အေဘီစီ သင်တုန်းက
အေကနေ ဇက်ထိအံ
အပြန်အလှန်။
တို့ဘာသာ ပိုထက်သန်
တို့အမှန် တို့လေးစား။
စာပေကွယ် လူမျိုးဖောက်လျှင်
တိုင်းပျောက် လူသား။ ။

စာသင်ရာ ဆရာများလည်း
အလေးထားလို့ လေ့လာရန်။
အခြေခံ ခိုင်အောင်ပျိုးမှ
တိုးတက် ရှင်သန်။
တို့မြန်မာ စာပေသံ
ပေါ့ပေါ့တန် ဝန်ထမ်း။
နောင်တခေတ် မှာဖြင့်
ကျန်ရစ်ချေ တို့ရင်သွေးတွက်
တွေးဆ ကြည့်စမ်း။ ။

ဒါဒို့ပြေ ဒို့မြေချစ်ဖို့
သွေးသစ်တို့ ဇာတိမာန်။
မြေတစ်မှုံ ရေတစ်စက်
ကမ်းလက် တင်ကျန်။
စာပေချစ် မျိုးချစ်ရန်
မျိုးသစ်ထံ လက်ဆင့်ကမ်း။
မျိုးမြန်မာ ကမ္ဘာသုဉ်းတောင်
ဘုန်းတောက် မည့်လမ်း။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်