ပေါ်ပင်ညံစီ
" ပေါ်ပင်ညံစီ "
ရွှေအစစ်ကိုဖြင့်
ပန်းတိမ်ညစ် လက်သစ်ထွင်
ကြေးရော လို့ပင်။
ဈေးသဘောတွင်
ရွှေဆိုရင် ပြီးရော။
ယဉ်ကျေးစွာ မြန်မာ့မူဟန်ကိုဖြင့်
ရင်လေးစရာ မြေချစံ နေရသလိုပါ့
မူမမှန် ဘက်ကန်သမှုရယ်က
ပျက်ရန် ပြုသော။ ။
ရှေးကောင်းတင့်မှန် ၊ မျိုးရိုးမှန်သည့်
ဧကန်ယဉ်ကျေး ၊ မြန်မာ့သွေးက
ရှေ့ရေးမကြည့် ၊ သွေးရင်းထိတောင်
မသိလိုက်ဟန် ၊ ပြုတတ်ပြန်၏။
ရင်ခံငိုကြွေး ၊ တစ်ပါးရေးမူ
ကြွသွေးဘဝင် ၊ မျိုးညစ်သွင်ဖြင့်
လိမ်ဆင်မျိုးချစ် ၊ ကိုမျိုးညစ်ဟု
မျိုးချစ်ရန်သူ ၊ တုန့်ပြန်ဟူ၏။
တစ်လူတစ်မင်း ၊ ဗြောက်သောက်ခင်း၍
ငါ့မြင်းငါစိုင်း ၊ စိတ်အရိုင်းဖြင့်
ဘယ်တိုင်းရောက်ရောက် ၊ အမျိုးပျောက်တောင်
ငွေနောက်သံယောင် ၊ မြဲကြံဆောင်၏။
စိတ်ကြီးဝင် ရွှေဘဝင်လေအဟပ်။
ငွေခုံမင် ရွှင်အရူးလို မြူးကြ ကြပ်ကြပ်။ ။
" သစ်ရိပ်ညို "
ရွှေအစစ်ကိုဖြင့်
ပန်းတိမ်ညစ် လက်သစ်ထွင်
ကြေးရော လို့ပင်။
ဈေးသဘောတွင်
ရွှေဆိုရင် ပြီးရော။
ယဉ်ကျေးစွာ မြန်မာ့မူဟန်ကိုဖြင့်
ရင်လေးစရာ မြေချစံ နေရသလိုပါ့
မူမမှန် ဘက်ကန်သမှုရယ်က
ပျက်ရန် ပြုသော။ ။
ရှေးကောင်းတင့်မှန် ၊ မျိုးရိုးမှန်သည့်
ဧကန်ယဉ်ကျေး ၊ မြန်မာ့သွေးက
ရှေ့ရေးမကြည့် ၊ သွေးရင်းထိတောင်
မသိလိုက်ဟန် ၊ ပြုတတ်ပြန်၏။
ရင်ခံငိုကြွေး ၊ တစ်ပါးရေးမူ
ကြွသွေးဘဝင် ၊ မျိုးညစ်သွင်ဖြင့်
လိမ်ဆင်မျိုးချစ် ၊ ကိုမျိုးညစ်ဟု
မျိုးချစ်ရန်သူ ၊ တုန့်ပြန်ဟူ၏။
တစ်လူတစ်မင်း ၊ ဗြောက်သောက်ခင်း၍
ငါ့မြင်းငါစိုင်း ၊ စိတ်အရိုင်းဖြင့်
ဘယ်တိုင်းရောက်ရောက် ၊ အမျိုးပျောက်တောင်
ငွေနောက်သံယောင် ၊ မြဲကြံဆောင်၏။
စိတ်ကြီးဝင် ရွှေဘဝင်လေအဟပ်။
ငွေခုံမင် ရွှင်အရူးလို မြူးကြ ကြပ်ကြပ်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment