သူယောင်မယ်

" သူ​ယောင်​မယ်​ "

ရုတ်​တရက်​ လျှို့ဝှက်​စွာ
ရောက်​ရောက်​လာ​ လေမြဲ။
မွှေးနံ့သာ သင်းပျံ့​အေးလျက်
ပြေးထွက်​ သူပဲ။ ။

တိတ်​တဆိတ်
ရိုးတိုးရိပ်​ အာရုံထဲ။
လွင့်​ပြန့်​စွာ လူးလာ​ခေါက်
ရောက်​လို့ လာဆဲ။ ။

သူ​ယောင်​မယ်
မှောင်​ကွယ်​၍ ​ပေါ်​ပေါ်လာ။
အလှယဉ်​ ပန်းချီရှုံး
ပြုံးတဲ့ မူယာ။
ဒေဝစ္ဆရာ
မြိုင်​​ဂေဟာ ​ဟေဝန်​​တော။
မြိုင်​​ဟေဝန်​ မင်းသမီးရယ်​ဖြင့်
သတင်း ကြီး​သော။ ။

သ​ဘောဖြူ အူစင်း​ပေမယ့်
ရင်းနှီး ဖို့ မလွယ်​။
ကိုယ်​ရံ​တော်​ လူ့ဘီလူးတို့
ကြီးမှူး လို့ရယ်​။
အနားမှာကွယ်
စောင့်​ကြပ်​တယ်​ရယ်​ လို့ပဲ။
မြိုင်​​သေလာ ​ဟေမာ​တောဝယ်
မြောလွင့်​​ နေမြဲ။ ။

သင်္ချိုင်း ​မြေ ​နောက်​စူးစူး
ချောက်​ကူး သည့်​ စံအိမ်​။
ပန်းနတ်​နွယ်​ စိမ့်​​ရေစမ်း
မြောင်​ကမ်း ၌ စိမ်​။
ရေတံခွန်​အရှိန်
သက်​ငြိမ်​ရာ လှုပ်​ရှား။
မြင့်​မားစွာ ​ကျောက်​တံတိုင်းတို့
ဝိုင်းဖွဲ့ ရံတား။ ။

ရေတံခွန်​ အဝင်​​ပေါက်
ထိပ်​ချုပ်​​ပေါက်​ ကျဉ်းတယ်​။
တစ်​ကိုယ်​စာ ​ကျောက်​တံခါးနှင့်
ကာထား လို့ကွယ်​။
အတွင်းဝယ်
စိန်​​ရွှေငယ်​ ရတနာအပြည့်​။
မီးအိမ်​ရှင်​ မှိန်​ပြပြဖြင့်
မှန်းဆ အကြည့်​။ ။

လျှိုဝှက်​စွာ ဆန်းကျယ်​​သော
အံ့ဩဖွယ့်​ သူ​ယောင်​မယ်​။
နှလုံးအိမ်​ တံခါး​ပေါက်​ ကို
ခေါက်​လို့ ဝင်​တယ်​။
ဘယ်​ဆီဝယ်
ဘယ်​ဘယ်​လို အချစ်​မျိုး။
အချစ်​​သေ ငါ့နှလုံးသားမှာ
ပါးလျလျ နိုး။ ။

အ​မှောင်​ကွယ်​ တိတ်​တခိုး နဲ့
အရိပ်​တိုး သည့်​ ဇာတ်​လမ်း။
ချစ်​သံစဉ်​ ​ရေလျင်​​ကြောမှာ
မျောစုန်​ လို့လှမ်း။ ။

သူ​ယောင်​မယ်​ ရမ်း​ရော်​​ခေါ်
မှော်​ဝင်​ လို့ ပြုစား။
သံ​​ယောဇဉ် ​စိတ္တဇ ​ကြောင့်
အိပ်​မရ ပါလား။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်