ဆန္ဒနှင့်ဘဝ

" ဆန္ဒ နှင့်​ ဘဝ "

ကြယ်​စင်​တမ်းတ ၊ အငမ်းမရနှင့်
ထွန်းပလင်းလက်​ ၊ ကြယ်​စင်​စက်​ကို
တပ်​မက်​ရည်​စူး ၊ ပိုးစုန်းကြူး​ရေ။

ကြယ်​ဖူးလွင့်​ကြွေ ၊ ညလည်း​စွေမို့
ငွေတု​ရောင်​ပြန်​ ၊ အရုဏ်​စံ​သော်
ကြယ်​ပျံရထား ၊ စက်​ရပ်​သွား၍
သင်​ကားဘယ်​မှာ ပုန်းလိမ့်​နည်း။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်