ညင်းပြန့်အေးစေ
" ညင်းပြန့်အေးစေ "
ဆောင်းကားအိပ်မက်
နွေစိမ်ရက်တွင်
ခွန်းဆက်ခွာယူ
နှင်းဖြူဖြူလျှင်
ကြင်သူမှတ်မိ သိပါစေ။
နွေအားမှော်ဝင်
ပိတောက်ရွှင်၍
ရေစင်ကြည်ပျောက်
မြေဝင်ခြောက်ကာ
တောက်လျောက်မြေမြူ ပျံ့လွင်နေ။
နွေငင်ယှက်လူး
ညင်းလေမြူးသော်
စို့ဖူးငယ်ရှင်
ချွေးလေးပင်လျှင်
လေဝင်စိမ့်အေး လန်းလျက်ပေ။
ချမ်းဆောင်းမြထွက်
နွေချွေးစက်တို့
နှစ်သက်တူစွာ
အေးမြရာဝယ်
ညင်သာတိတ်ဆိတ် သစ်ရိပ် လေ။ ။
" သစ်ရိပ်ညို "
ဆောင်းကားအိပ်မက်
နွေစိမ်ရက်တွင်
ခွန်းဆက်ခွာယူ
နှင်းဖြူဖြူလျှင်
ကြင်သူမှတ်မိ သိပါစေ။
နွေအားမှော်ဝင်
ပိတောက်ရွှင်၍
ရေစင်ကြည်ပျောက်
မြေဝင်ခြောက်ကာ
တောက်လျောက်မြေမြူ ပျံ့လွင်နေ။
နွေငင်ယှက်လူး
ညင်းလေမြူးသော်
စို့ဖူးငယ်ရှင်
ချွေးလေးပင်လျှင်
လေဝင်စိမ့်အေး လန်းလျက်ပေ။
ချမ်းဆောင်းမြထွက်
နွေချွေးစက်တို့
နှစ်သက်တူစွာ
အေးမြရာဝယ်
ညင်သာတိတ်ဆိတ် သစ်ရိပ် လေ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment