မြတ်ပန်းဥယျာဉ်

" မြတ်ပန်း ဥယျာဉ် "

ရွှန်းငုံရစ်ဖူး ငွေရည်လူး ရွှင်မြူးစံပယ်ငုံ။
အရုဏ်တက်လင်း ဘော်ငွေဆင်း ဖြူဝင်းစံပယ်ရုံ။
ဆွတ်ပျံ့ညင်းလေ ခိုင်သင်းဝေ မွှေးစေရနံ့ထုံ။
ဥယျာဉ်ဆောင်နန်း မေတ္တာလန်း ဆင်မြန်းပန်းရဂုံ။

ကန်ရေစိမ့်ဖွေး ရေဝင်ပြေး မြောင်းလေးနှင့်ရေသွယ်။
ရေကြည်အေးချို ရွှေငါးပျို ဟိုဒီပြေးလွှားတယ်။
မှော်မျှင်ကျောက်သား သူကပ်ပါး ခိုနားပျော်လို့ရယ်။
ရွှေကြာပြန်ဖြူး ပွင့်စုံဖူး ကြည်နူးချစ်စဖွယ်။

လွန့်လူးရေလွှာ လေညင်းသာ ရောင်ဝါဖျတ်ဖျတ်မြင်။
ရေဆင်းတံတား ပန်းနွယ်များ ပျော်ပါးမြူးထူးရွှင်။
လမ်းဘေးဝဲယာ မြမြက်ဖျာ ကြင်နာပြုံးလဲ့လွင်။
သစ်ညိုနွယ်တန်း မြေမာလမ်း ဆောင်နန်းပန်းဥယျာဉ်။

ပျားပိတုန်းငယ် ချစ်စဖွယ် ကြံရွယ်ချစ်ရေးဆို။
လိပ်ပြာနှင့်ပန်း မွှေကြူနမ်း တင့်ဆန်းလန်းသကို။
နေခြည်ဖြာစ လှုပ်နိုးထ ငှက်လှတေးသံချို။
စမ်းရေစီးသံ သောသောညံ နန်းစံဥယျာဉ်ပျို။

စီးကျဆွေမွန် ရေတံခွန် ချွေသွန်လောင်းကျောက်တောင်။
ရေကြည်စိမ့်စမ်း ပြန့်ဝပ်လွှမ်း ထုံမွှမ်းနေခြည်ဘောင်။
သက်တံ့တံစဉ်း ကွေးညွှတ်ဆင်း ပဝင်းရေမှုန်ရောင်။
ဥယျာဉ်နန်းဝယ် လွန်ဆန်းကျယ် တင့်တယ်ခန်းဘုံဆောင်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး