နေကြာပန်း
" နေကြာပန်း "
ဝါရည်ရွှေဝင်း ၊ ရှင်နေမင်းသို့
ပုံခင်းရိုးညှာ ၊ ဝန်းပဖြာသည်
နေကြာပွင့်ပန်း နေခြည်ဖြန်း။
မျှော်မှန်းရှေ့ရပ် ၊ နေကြိုအပ်ဟု
ပွင့်တတ်ပုံမှာ ၊ ဆန်းပြားပါသည်
နေကြာပွင့်ပန်း ရွှေရည်လွှမ်း။
နေဆမ်းသာလှ ၊ ရိုးတံကြွလျက်
ရပ်ပြပုံလွှာ ၊ ညီညွတ်စွာလျှင်
နေကြာပွင့်ပန်း ရွှေပြည်နန်း။
လချမ်းကွေးကွေး ၊ ညအေးအေးမူ
မှေးမှေးပျော်ပျော် ၊ စက်တော်ခေါ်၍
ပင်သော်ညွှတ်ကိုင်း ၊ ညှိုးငယ်ဆိုင်းကာ
တံတိုင်းအုပ်ရိုး ၊ နေငုပ်လျှိုးစဉ်
လှုပ်နိုးမသာ ၊ ရွှေနေကြာငယ်
နေသာမှပဲ လန်းတော့မည်။ ။
" သစ်ရိပ်ညို "
ဝါရည်ရွှေဝင်း ၊ ရှင်နေမင်းသို့
ပုံခင်းရိုးညှာ ၊ ဝန်းပဖြာသည်
နေကြာပွင့်ပန်း နေခြည်ဖြန်း။
မျှော်မှန်းရှေ့ရပ် ၊ နေကြိုအပ်ဟု
ပွင့်တတ်ပုံမှာ ၊ ဆန်းပြားပါသည်
နေကြာပွင့်ပန်း ရွှေရည်လွှမ်း။
နေဆမ်းသာလှ ၊ ရိုးတံကြွလျက်
ရပ်ပြပုံလွှာ ၊ ညီညွတ်စွာလျှင်
နေကြာပွင့်ပန်း ရွှေပြည်နန်း။
လချမ်းကွေးကွေး ၊ ညအေးအေးမူ
မှေးမှေးပျော်ပျော် ၊ စက်တော်ခေါ်၍
ပင်သော်ညွှတ်ကိုင်း ၊ ညှိုးငယ်ဆိုင်းကာ
တံတိုင်းအုပ်ရိုး ၊ နေငုပ်လျှိုးစဉ်
လှုပ်နိုးမသာ ၊ ရွှေနေကြာငယ်
နေသာမှပဲ လန်းတော့မည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment