နိုးကြားကြလော့
” နိုးကြားကြလော့ ”
ဘာသာ သမိုင်း ၊ တို့မရိုင်း အောင်
အကိုင်း အခက် ၊ တို့တစ်သက် တွင်
ထမ်းရွက် ကြစို့ မြန်မာပြည်။
ထီးကျိုး စည်ပေါက် ၊ မစောင့် ရှောက်သော်
မိုးအောက် မြေပြင် ၊ တို့ ရှိစဉ် ၌
တို့ပင် ရာဇဝင် ရိုင်းလိမ့်မည်။
ရန်စွယ် ရန်အား ၊ ရန်မီးပွား ကြောင့်
အသား လောက်ထွက် ၊ ဘာသာပျက် နှင့်
မျိုးဖျက် ရန်သူ ပေါလှသည်။
ပျိုး ဥယျာဉ် နန်း ၊ ပင်နှင့် ပန်းတို့
မျိုးကန်း ပျက်သုဉ်း ၊ ကျိုးကြေ ပြုန်းလို့
ပျောက်ဆုံး ပျောက်လွယ် ဖြစ်တတ်သည်။
နု၍ မဖြစ် ၊ ကြမ်းမှ ဖြစ်က
မျိုးချစ် တို့တွေ ၊ ဝိုင်းသင့်ပေ မို့
သပြေ အောင်ပန်း လန်းဖို့ရည်။ ။
” သစ်ရိပ်ညို ”
ဘာသာ သမိုင်း ၊ တို့မရိုင်း အောင်
အကိုင်း အခက် ၊ တို့တစ်သက် တွင်
ထမ်းရွက် ကြစို့ မြန်မာပြည်။
ထီးကျိုး စည်ပေါက် ၊ မစောင့် ရှောက်သော်
မိုးအောက် မြေပြင် ၊ တို့ ရှိစဉ် ၌
တို့ပင် ရာဇဝင် ရိုင်းလိမ့်မည်။
ရန်စွယ် ရန်အား ၊ ရန်မီးပွား ကြောင့်
အသား လောက်ထွက် ၊ ဘာသာပျက် နှင့်
မျိုးဖျက် ရန်သူ ပေါလှသည်။
ပျိုး ဥယျာဉ် နန်း ၊ ပင်နှင့် ပန်းတို့
မျိုးကန်း ပျက်သုဉ်း ၊ ကျိုးကြေ ပြုန်းလို့
ပျောက်ဆုံး ပျောက်လွယ် ဖြစ်တတ်သည်။
နု၍ မဖြစ် ၊ ကြမ်းမှ ဖြစ်က
မျိုးချစ် တို့တွေ ၊ ဝိုင်းသင့်ပေ မို့
သပြေ အောင်ပန်း လန်းဖို့ရည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment