ယိုဖိတ်ခြင်း
" ယိုဖိတ်ခြင်း "
ပင်လယ်ပြင် ရေတစ်ပေါက်
သောက်ဖို့ဖြင့် ခက်လှဖွယ်
ခါးသက် ငံတယ်။
မသိမိုက် မလည်ဝယ်
စမ်းရေသယ် ဘယ်မထိန်း။
ကျမ်းအလာ မှာဖြင့်
ပရမ်းပတာ လုပ်သူများရယ်
တောင်းစား မည့်ကိန်း။ ။
" မိုးခါးရေ "
မိုးခါးရေ လူအများ
သောက်စားလို့ ပျော်ရွှင်
ဟုတ်လှရော့ ထင်။
အချိန်တိုတွင်
ရူးကွက်ဆင် လူအများ။
အကြောင်းကြောင့် အကျိုးထင်
မိုးမမြင် လေမရှိုက်ကွယ်
ရူးလိုက်ပုံများ။ ။
" အရူးတိုင်းပြည် "
ရွှေကိုယ်တော် သည်ငမူး
ရူးသည့် ချိန်တွင်။
နောက်ပါးတော် သည်အရူးက
ပူးမြှောက် ပင့်တင်။
လမ်းပေါ်တွင်
တန်းစီလျှင် စိတ်မြူး။
မိုးခါးရေ
တို့တိုင်းပြေ ကုန်သလောက်ကွယ်
သောက်သောက်လည် ရူး။ ။
" အရူးဆေး "
အရူးပေါ် အရူးဆင့်
အထူးသဖြင့် အမွှေကျော်
ရူးဆေး စပ်ဖေါ်။
သွေးမတော်
အရေးပေါ် အရာပေး။
ကျိုးရည်တူ
မျိုးပြည်သူ တစ်ကယ်ကြိုက်တယ်
ရူးမိုက်တဲ့ ဆေး။ ။
" သစ်ရိပ်ညို "
ပင်လယ်ပြင် ရေတစ်ပေါက်
သောက်ဖို့ဖြင့် ခက်လှဖွယ်
ခါးသက် ငံတယ်။
မသိမိုက် မလည်ဝယ်
စမ်းရေသယ် ဘယ်မထိန်း။
ကျမ်းအလာ မှာဖြင့်
ပရမ်းပတာ လုပ်သူများရယ်
တောင်းစား မည့်ကိန်း။ ။
" မိုးခါးရေ "
မိုးခါးရေ လူအများ
သောက်စားလို့ ပျော်ရွှင်
ဟုတ်လှရော့ ထင်။
အချိန်တိုတွင်
ရူးကွက်ဆင် လူအများ။
အကြောင်းကြောင့် အကျိုးထင်
မိုးမမြင် လေမရှိုက်ကွယ်
ရူးလိုက်ပုံများ။ ။
" အရူးတိုင်းပြည် "
ရွှေကိုယ်တော် သည်ငမူး
ရူးသည့် ချိန်တွင်။
နောက်ပါးတော် သည်အရူးက
ပူးမြှောက် ပင့်တင်။
လမ်းပေါ်တွင်
တန်းစီလျှင် စိတ်မြူး။
မိုးခါးရေ
တို့တိုင်းပြေ ကုန်သလောက်ကွယ်
သောက်သောက်လည် ရူး။ ။
" အရူးဆေး "
အရူးပေါ် အရူးဆင့်
အထူးသဖြင့် အမွှေကျော်
ရူးဆေး စပ်ဖေါ်။
သွေးမတော်
အရေးပေါ် အရာပေး။
ကျိုးရည်တူ
မျိုးပြည်သူ တစ်ကယ်ကြိုက်တယ်
ရူးမိုက်တဲ့ ဆေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment