ကျောင်းတော်မဟာ
” ကျောင်းတော် မဟာ ”
ရင်မှ မွေးဖွား ၊ ရင်ခွင် သားတို့
ပိုင်းခြား မြော်မြင် ၊ ဥာဏ်နှင့် ယှဉ်၍
ခိုဝင် ကာနား ၊ နေသော် အားတည့်
ခြားနား မရှိ ၊ ပကတိ ပင်
ငါ၏ နွယ်ဖွား ရင်ခွင်သား။
ငါ၏ ခွန်အား ၊ စိတ်ဓာတ်များ ဖြင့်
ငါ့သား သမီး ၊ ငယ် ရွယ် ကြီး ရင့်
ပညာ တင့်စေ ၊ ဂုဏ်မြင့် စေလျက်
ချစ်ဆွေ မျိုးနွယ် ၊ မျိုးဂုဏ် ထည်ဝါ
တင့်တယ် လျောက်ပတ် ရှိလှသည်။
ငါ့ ၏ သံစဉ် ၊ ချိုချိုလွင် တွင်
ကြည်လင် မေတ္တာ ကြီးလှ၏။
သာတူ ညီမျှ ၊ စခန်း ချ၍
ထကြွ နိုးကြား ၊ မောင်ကြိုးစား တို့
လုံ့လ ကြီးမား ၊ မယ်ကြိုးစား တို့
ပြည်ဖွား တိုင်းကျိုး ၊ တည်ထောင် ပျိုးလော့
ခွန်အား ပြည့်ဖြိုး ၊ ညီအောင် ကြိုးလော့
တို့မျိုး ပြည်ထောင် ၊ ရန်တိုင်း အောင်စေ
အမောင် စွမ်းဆောင် ၊ မယ်စွမ်းဆောင် တို့
ထမ်းဆောင် ဝန်တာ ၊ ကျေပွန်စွာ ဖြင့်
မြန်မာ မြန်မာ ၊ ရွှေမြန်မာ ဟု
အာဇာနည် သွေး ပြကြမည်။ ။
” သစ်ရိပ်ညို ”
ရင်မှ မွေးဖွား ၊ ရင်ခွင် သားတို့
ပိုင်းခြား မြော်မြင် ၊ ဥာဏ်နှင့် ယှဉ်၍
ခိုဝင် ကာနား ၊ နေသော် အားတည့်
ခြားနား မရှိ ၊ ပကတိ ပင်
ငါ၏ နွယ်ဖွား ရင်ခွင်သား။
ငါ၏ ခွန်အား ၊ စိတ်ဓာတ်များ ဖြင့်
ငါ့သား သမီး ၊ ငယ် ရွယ် ကြီး ရင့်
ပညာ တင့်စေ ၊ ဂုဏ်မြင့် စေလျက်
ချစ်ဆွေ မျိုးနွယ် ၊ မျိုးဂုဏ် ထည်ဝါ
တင့်တယ် လျောက်ပတ် ရှိလှသည်။
ငါ့ ၏ သံစဉ် ၊ ချိုချိုလွင် တွင်
ကြည်လင် မေတ္တာ ကြီးလှ၏။
သာတူ ညီမျှ ၊ စခန်း ချ၍
ထကြွ နိုးကြား ၊ မောင်ကြိုးစား တို့
လုံ့လ ကြီးမား ၊ မယ်ကြိုးစား တို့
ပြည်ဖွား တိုင်းကျိုး ၊ တည်ထောင် ပျိုးလော့
ခွန်အား ပြည့်ဖြိုး ၊ ညီအောင် ကြိုးလော့
တို့မျိုး ပြည်ထောင် ၊ ရန်တိုင်း အောင်စေ
အမောင် စွမ်းဆောင် ၊ မယ်စွမ်းဆောင် တို့
ထမ်းဆောင် ဝန်တာ ၊ ကျေပွန်စွာ ဖြင့်
မြန်မာ မြန်မာ ၊ ရွှေမြန်မာ ဟု
အာဇာနည် သွေး ပြကြမည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment