ဘယ်ဟာမှားလဲ
" ဘယ်ဟာမှားသလဲ "
သည်ခန္ဓာ တရားပျက်က
အမှားဖက် ခက်တတ်တယ်။
ခေါင်းခါးခြေ ဘယ်စခန်းကို
လှမ်းပြင် ရာဝယ်။
ဘယ်ကစပြင်ရမယ်
ဘယ်သည့်နှယ် ကုထုံး။
ရုပ်ခန္ဓာ အင်္ဂါများရယ်
မှားကွက် ရှာအုံး။ ။
" အယူဝါဒ အမှား "
ရုပ်ခန္ဓာ တပည့်သား
စေပါးသည့် သည်ဥာဏ်။
တရားပျက် ခက်အပြားကြောင့်
အယူမှား ဒဏ်။
တယူသန်
ခန္ဓာကို ဆောင့်ဆွဲ။
နှောင်ကြိုးမျှင် အယုတ်တရား
ပြတ်သွား မှပဲ။ ။
" ယုတ်သောဥာဏ်ကို ပယ်ကြပါ "
ဒုက္ခကို သူဆင်မြန်း
လူ့စခန်း အယုတ်တမာ။
ဝါဒမူ အပျက်တရားက
ခိုင်းစား တာပါ။
သို့ပေကြောင့် သည်ခန္ဓာ
လိုက်ပါကာ မိုက်သွား။
ဥာဏ်အညှာ ကြွေကာကျမှ
ကောင်းရ လိမ့်သား။ ။
" အရောင်ဆိုးမခံပါနှင့် "
ရေကြည်ပြာ ရေဆိုးရော
နှောလိုက်သည့် အခါ။
ရေစင်ကြည် အရောင်ပြောင်းလို့
ဟောင်းနွမ်း တတ်စွာ။
မျိုးသစ္စာ
အယူမှာ မှောက်မှား။
အမျိုးချစ်လျှင်ဖြင့်
ကြိုးပြစ်ရှာ ရေလျှင်စစ်သို့
သစ်ကြ စေသား။ ။
" သစ်ရိပ်ညို "
သည်ခန္ဓာ တရားပျက်က
အမှားဖက် ခက်တတ်တယ်။
ခေါင်းခါးခြေ ဘယ်စခန်းကို
လှမ်းပြင် ရာဝယ်။
ဘယ်ကစပြင်ရမယ်
ဘယ်သည့်နှယ် ကုထုံး။
ရုပ်ခန္ဓာ အင်္ဂါများရယ်
မှားကွက် ရှာအုံး။ ။
" အယူဝါဒ အမှား "
ရုပ်ခန္ဓာ တပည့်သား
စေပါးသည့် သည်ဥာဏ်။
တရားပျက် ခက်အပြားကြောင့်
အယူမှား ဒဏ်။
တယူသန်
ခန္ဓာကို ဆောင့်ဆွဲ။
နှောင်ကြိုးမျှင် အယုတ်တရား
ပြတ်သွား မှပဲ။ ။
" ယုတ်သောဥာဏ်ကို ပယ်ကြပါ "
ဒုက္ခကို သူဆင်မြန်း
လူ့စခန်း အယုတ်တမာ။
ဝါဒမူ အပျက်တရားက
ခိုင်းစား တာပါ။
သို့ပေကြောင့် သည်ခန္ဓာ
လိုက်ပါကာ မိုက်သွား။
ဥာဏ်အညှာ ကြွေကာကျမှ
ကောင်းရ လိမ့်သား။ ။
" အရောင်ဆိုးမခံပါနှင့် "
ရေကြည်ပြာ ရေဆိုးရော
နှောလိုက်သည့် အခါ။
ရေစင်ကြည် အရောင်ပြောင်းလို့
ဟောင်းနွမ်း တတ်စွာ။
မျိုးသစ္စာ
အယူမှာ မှောက်မှား။
အမျိုးချစ်လျှင်ဖြင့်
ကြိုးပြစ်ရှာ ရေလျှင်စစ်သို့
သစ်ကြ စေသား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment