ကောင်းကျိုးလိုသော်
" ကောင်းကျိုး လိုသော် "
လူ့ဘောင်ပြည်နှိုက်
လူမိုက်တစ်သောင်း ၊ တစ်ယောက်ကောင်းဖြင့်
ထိမ်းကျောင်းအုပ်သော် ၊ ရငြားသော်လည်း
လူတော်အပေါင်း
လူကောင်းတစ်သိန်း ၊ လူမိုက်ထိန်းလျှင်
ပျက်ကိန်းကြုံရာ ဖြစ်တတ်စွာ တည်း။
သူတော်စင်စစ်
ရှေ့ဖြစ်နောက်ကြောင်း ၊ ကောင်းမကောင်းကို
ကောင်းဆိုးဝေဖန် ၊ နည်းလမ်းမှန်ဖြင့်
သင့်တန်ထောက်ထား ၊ ဆွဲခေါ်ငြားမူ
လူသားတစ်သောင်း ၊ ငြိမ်းစေ ကြောင်းတည့်။
ဗာလ လူမိုက်
စရိုက် မတူ ၊ နင်းချေ ဟူရှင့်
ကျိုးတူ သာမှ ၊ လိုဘ ကျဟု
ကတိ သစ္စာ ၊ မေ့လျော့စွာ ဖြင့်
အာဏာ စက်ခင်း ၊ မိစ္ဆာ နှင်းတည့်။
များလူ အတ္တ ၊ ဝဋ်ဒုက္ခ တို့
စုကြ ရစ်နှောင် ၊ ဤလူ့ဘောင်ဝယ်
မယောင် ဆီလူး ၊ မီးစ ကူးသည့်
မိုက်ရူး မိစ္ဆာ ၊ မကျင့်ရာ တည်း။
များလူ အကျိုး ၊ ရည်မျှော်ကိုး ၍
အဆိုး မဝေ ၊ ကောင်းရာစေ လော့
မသွေ သုခ ၊ လိုတရ လျက်
ဒိဋ္ဌ ကောင်းကျိုး ဖြစ်လတ္တံ့။ ။
" သစ်ရိပ်ညို "
လူ့ဘောင်ပြည်နှိုက်
လူမိုက်တစ်သောင်း ၊ တစ်ယောက်ကောင်းဖြင့်
ထိမ်းကျောင်းအုပ်သော် ၊ ရငြားသော်လည်း
လူတော်အပေါင်း
လူကောင်းတစ်သိန်း ၊ လူမိုက်ထိန်းလျှင်
ပျက်ကိန်းကြုံရာ ဖြစ်တတ်စွာ တည်း။
သူတော်စင်စစ်
ရှေ့ဖြစ်နောက်ကြောင်း ၊ ကောင်းမကောင်းကို
ကောင်းဆိုးဝေဖန် ၊ နည်းလမ်းမှန်ဖြင့်
သင့်တန်ထောက်ထား ၊ ဆွဲခေါ်ငြားမူ
လူသားတစ်သောင်း ၊ ငြိမ်းစေ ကြောင်းတည့်။
ဗာလ လူမိုက်
စရိုက် မတူ ၊ နင်းချေ ဟူရှင့်
ကျိုးတူ သာမှ ၊ လိုဘ ကျဟု
ကတိ သစ္စာ ၊ မေ့လျော့စွာ ဖြင့်
အာဏာ စက်ခင်း ၊ မိစ္ဆာ နှင်းတည့်။
များလူ အတ္တ ၊ ဝဋ်ဒုက္ခ တို့
စုကြ ရစ်နှောင် ၊ ဤလူ့ဘောင်ဝယ်
မယောင် ဆီလူး ၊ မီးစ ကူးသည့်
မိုက်ရူး မိစ္ဆာ ၊ မကျင့်ရာ တည်း။
များလူ အကျိုး ၊ ရည်မျှော်ကိုး ၍
အဆိုး မဝေ ၊ ကောင်းရာစေ လော့
မသွေ သုခ ၊ လိုတရ လျက်
ဒိဋ္ဌ ကောင်းကျိုး ဖြစ်လတ္တံ့။ ။
" သစ်ရိပ်ညို "
Comments
Post a Comment