လိမ္မာရွှေသွေးသားနောင်ရေးလျှင်

" လိမ္မာ​ရွှေ​သွေး သား​နောင်​​ရေးလျှင်​ "

ရွှေ​သွေး လူ​လေး ၊ ​ခေတ်​​ရှေ့​ပြေး တိုင်း
ယဉ်​​ကျေးမှု တွက်​ ၊ ​ကြေး​မောင်း အက်​သို့
ဟက်​တက်​ ရင်​နာ ၊ ​သောက ဖြာမည်
မြန်​မာ ပြည်​မှ သားလူ​လေး။

ရွှေ​သွေး နုယဉ်​ ၊ သားမျက်​မြင်​ ပဲ
နေ့စဉ်​ ရက်​ဆက်​ ၊ ကြားရချက်​ သည်
ခါးသက်​ လှဖွယ်​ ၊ ရိုင်းစိုင်း ရယ်​လျှင်
တိုင်းနယ်​ ပြည်​နယ်​ တစ်​ဝှမ်းတည်း။

ရွှေ​သွေး လိမ္မာ ၊ သား​ရှေ့မှာ ဖြင့်
ပညာ သတိ ၊ မကပ်​ငြိ ပဲ
အသိ ​ခေါက်​ခက်​ ၊ အဝင်​နက်​ သည့်
ရိုင်းချက်​ စံတင်​ ဤ​ခေတ်​တွင်​။

ရွှေ​သွေး ဆင်​မြန်း ၊ လူ့စခန်း ဝယ်
လူစွမ်း လူစ ၊ ပျိုမြစ်​စွ သွင်
ရှေးက ရိုးသား ၊ ယဉ်​ပုံများ မှာ
တရား လက်​ကိုင်​ ၊ ပြည့်​မဏ္ဍိုင်​ တည့်​။

ခိုင်​ခိုင်​ မြဲမြဲ ၊ တူယှဉ်​ တွဲလျက်
ရင်​ထဲ ညီမျှ ၊ လူပီသ စွာ
ဂါရ၀ ထား ၊ စာနာအား နှင့်
နိမ့်​ပါး ဂုဏ်​မြင့်​ ၊ မြတ်​နိုး သင့်​၍
ကြီးရင့်​ မြတ်​သူ ၊ ​လေးစားဟူ ၏။

ငယ်​မူ ငယ်​​သွေး ၊ ပညာ ​ကြွေး၍
နှုတ်​​ရေး ကိုယ်​ဟန်​ ၊ အမှန်​ ယဉ်​​ကျေး
ချော်​​တွေး မရှိ ၊ ပညာရှိ ၏
နှုတ်​သိ ဂုဏ်​အင်​ ၊ မြတ်​လမ်းစဉ်​ ကို
မြေလျှင်​ မကျ ၊ ​ခေါင်းဦးချ ၍
ဆုံးမ နာယူ ၊ လာမူ ကြိုဆီး
ထံနီး လုပ်​​ကြွေး ၊ ပညာ ​မွေးလျက်
ယဉ်​​ကျေး သိမ်​​မွေ့  ၊ ​ရှိကြသည်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်