အတ္တ ပရ

" အတ္တ ပရ "

ပညာသတိ ၊ တကယ်​ရှိမှ
ကဝိတစ်​ဖြာ ​၊ ဖြစ်​တုံရာ၏။

ပညာသတိ ၊ ကင်းမဲ့ဘိမူ
ဥာဏ်​ရှိတန်​ဘိုး ၊ လွန်​ငုတ်​လျှိုး၏။

အကျိုးအပြစ်​ ၊ ပညာ​ခေတ်​တွင်
အုတ်​မြစ်​ခိုင်​မာ ၊ ရှိသင့်​ရာ၏။

ပညာနုံမွဲ ၊ မရှိဘဲလျှင်
ခွဲခြားသိမြင်​ ၊ မဆင်​ခြင်​ပဲ
စိတ်​ထင်​လွဲမှား ၊ ချဉ်းကပ်​မှား၍
အမှားကံမှု ၊ မ​ကောင်းပြု​သော်
လူမှုဒုက္ခ ၊ ကြုံကြရ၏။

များလှသူငါ ၊ ဥာဏ်​ပညာဖြင့်
ဆင်​ကာသတိ ၊ ခိုင်​မာရှိမှ
ကောင်း၏ဆိုး​ထွေ ၊ ပိုင်းခြား​စေ၍
မ​သွေ​သုတ ၊ ​ကောင်းမှုစသည့်
အတ္တပရ ၊ နှစ်​ဋ္ဌာနတွင်
ညီမျှထိန်းချုပ်​ ၊ ကံအလုပ်​ကို
ထုတ်​နုတ်​ညွှန်​ပြ ၊ ဆိုဆုံးမသည့်
ဗုဒ္ဓ အလို သ​ဘောတည်း။     ။

                      " သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်