ပီတိကိုစားမေတ္တာပွား
"ပီတိကိုစား မေတ္တာ ပွား"
"ကလင် ကလင်"
ချိုချိုလွင်သော ပီဘိခေါင်းလောင်း
ထိုခေါင်းလောင်း။
သံစဉ်ချိုမြ ရင်မှမေတ္တာ
ပေးဝေရာမှန် စာသင်ကျောင်းက
ခေါင်းလောင်းသံ။
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် သင်ရန်ပီတိ
အစဉ်ရှိသည့် မြတ်သောဆရာ
မြတ်ဆရာ။
မေတ္တာသတ္ထော အနန္တောဟု
မြတ်စောရှင်ထွေ ဟောကြားပေသည့်
သားသမီးသဖွယ် တပည့်ငယ်အား
မခြားရင်ဝယ် မေတ္တာလွယ်သည့်
မြတ်ဆရာ။
တည်ကြည်လေးနက် ပေါ်ဆီတက်၍
လက်ဆက်ဆင့်ထားး တပည့်သားအား
သနားဂရုဏာ မုဓိတာပွား
မေတ္တာအားငဲ့ ဥပေက္ခာမဲ့သော
မြတ်ဆရာ။
ဆရာခေါက်သော ခေါင်းလောင်းသံက
သုခချမ်းသာ ပြည့်စုံကြစေ
ယဉ်ကျေး လိမ္မာရှိကြစေသား
ပညာ့အလှူ မျှဝေယူသည့်
ရွာဦးကျောင်းက ခေါင်းလောင်းသံ။ ။
" သစ်ရိပ်ညို "
"ကလင် ကလင်"
ချိုချိုလွင်သော ပီဘိခေါင်းလောင်း
ထိုခေါင်းလောင်း။
သံစဉ်ချိုမြ ရင်မှမေတ္တာ
ပေးဝေရာမှန် စာသင်ကျောင်းက
ခေါင်းလောင်းသံ။
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် သင်ရန်ပီတိ
အစဉ်ရှိသည့် မြတ်သောဆရာ
မြတ်ဆရာ။
မေတ္တာသတ္ထော အနန္တောဟု
မြတ်စောရှင်ထွေ ဟောကြားပေသည့်
သားသမီးသဖွယ် တပည့်ငယ်အား
မခြားရင်ဝယ် မေတ္တာလွယ်သည့်
မြတ်ဆရာ။
တည်ကြည်လေးနက် ပေါ်ဆီတက်၍
လက်ဆက်ဆင့်ထားး တပည့်သားအား
သနားဂရုဏာ မုဓိတာပွား
မေတ္တာအားငဲ့ ဥပေက္ခာမဲ့သော
မြတ်ဆရာ။
ဆရာခေါက်သော ခေါင်းလောင်းသံက
သုခချမ်းသာ ပြည့်စုံကြစေ
ယဉ်ကျေး လိမ္မာရှိကြစေသား
ပညာ့အလှူ မျှဝေယူသည့်
ရွာဦးကျောင်းက ခေါင်းလောင်းသံ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid

Comments
Post a Comment