သော့ခတ်လိုက်သော တံခါးတစ်ချပ်

"သော့ခတ်လိုက်သောတံခါးတစ်ချပ်"

တစ်ကြိမ် စတွေ့ရရုံဖြင့်
မျက်ဝန်းထက် အချစ်ရိပ်ပိုခဲ့သည်
တစ်ခါ စကားပြောဖူးရုံဖြင့်
အသဲထက် ချစ်အက္ခရာထင်ခဲ့သည်
တစ်ယောက် ရဲ့နူးညံ့သိမ်မွေ့ခြင်း
သိရုံဖြင့်ကြည်ဖြူစိတ်ပြင်းပြလာခဲ့သည်
အယူအဆတစ်ခုကို သိခွင့်ရှိကတည်းက
စာနာထောက်ထားမေတ္တာပိုခဲ့မိသည်
အလုပ်တစ်ခု ဆုံးဖြတ်ချက် ချရုံဖြင့်
အရည်အချင်းအပေါ် ယုံကြည်သက်ဝင်လာခဲ့မိသည်
အတူလက်တွဲမိရုံဖြင့်
တန်ဘိုးသိနားလည် အသိအမှတ်ပြုခဲ့မိသည်
ချစ်သူတစ်ယောက်ဖြစ်လာတော့မှ
ဆန္ဒ သတ္တိ မျှော်လင့်ချက်ကို လက်ခံလာခဲ့မိသည်
အို အချစ်ရေ ရှောင်ခွာမသွားပါနဲ့
အချစ်ရဲ့စွမ်းပကား
အချစ်စစ်ရဲ့ တန်ဘိုး
အချစ်ရဲ့ချစ်ခြင်းမေတ္တာ
အချစ်ရဲ့ယုံကြည်မှုတွေ
ရာသက်ပန် လက်တွဲ၍
တိုက်ပွဲတိုင်း အနိုင်ယူပြပါရစေ
အချစ် ကို တန်ဘိုး ထက်ကြီးတဲ့ အရာများရှိရင်
ရေ မြေ လေ အဆုံးတိုင်
ရှာဖွေ ဆက်သပါရစေ
မြတ်နိုးခြင်းကို တွယ်တာမှုနဲ့
ပေါင်းဆက်ပြီး အချစ်မဏ္ဍိုင်
စိုက်ထူပြပါရစေ
အချစ်ရဲ့နိဂုံးကို သက်ဆုံးတိုင် နဲ့ချည်တွဲထားပါရစေ
အသိတရားတွေ ရင်မှာထိန်းရင်း
ချဉ်ခြင်းတတ်မက်စွာ
အချစ်ကို ကိုးကွယ်ခွင့်ပြုပါလို့
တောင်းဆိုပါရစေတော့။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်