ပဒိုင်းသီး

" ပဒိုင်းသီး "

တမ်းတလွမ်းရ ရှုမဝစွာ
လှပမူ‌သွေး ရူပါ‌လေး‌ကြောင့်‌

နု‌ထွေးမျက်‌နှာ ချစ်‌စရာပျို
မူယာပို‌လေး ရမက်‌‌ဆေးတို့

တိုက်‌‌ကျွေးဘယာ ‌ဝေဒနာကဲ
စိတ်‌မှာရွယ်‌လို့ ‌ရွှေရင်‌ဆို့သည်

မခို့တရို့ မျှစ်‌စို့စို့သွင်‌
ပျို့ပျို့ဆင်‌လျှက်‌ မာယာလက်‌ရှင်‌‌

တစ်‌ချက်‌‌မေတ္တာ ထားမိလာမှ
စိတ်မှာမရွှင်‌ ပူဟန်‌မြင်‌ဆဲ

စားရင်‌လည်းရူး ဆုပ်‌လည်းဆူးမို့
မထူးဇာတ်‌မျိုး မခင်းချင်‌။ ။

" သစ်‌ရိပ်‌ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်