ကျမ်းဂန် ကယ်မှ ပြီးတယ်
" ကျမ်းဂန် ကယ်မှ ပြီးတယ် "
တို့ရွာက ကိုလူလှ
ရိုးအ လှပေ။
စာပေနယ် ကျမ်းဂန်ထောက်
ကြောက်ရွံ့ လို့နေ။
မင်းမှူးမတ် အထွေထွေ
သူ့မလေရှောင်ပုန်း။
မင်္ဂလာ လှူဖွယ်ရေးမှာ
ဆေးတဲ့ လက်သုံး။ ။
ဆေးမန်းဝင် ပုံပြင်ပြောပြတော့
သဘောကျ သူပင်။
လူလုံးပြ အလှဆင်
ရွံ့ ပါ့ သူ့သွင်။
မောင်လူလှ ထင်အမြင်
ရိုးသားချင် ရှာလည်း။
ရွာလူ တွင် အရက်ပုန်းက
ဆုံးမလေ့ မြဲ။ ။
အရက်ဆေးကွမ်း တိုးပြီဟေ့
ဆိုးသွမ်းပေ့ ကိုလူမော်။
ရိုးသားစွာ အခြေပစ်
မူးရစ်လို့ အော်။
ကိုလူလှ မြှောက်ပင့်ဖေါ်
ရွာဆော်ပင် မနေရ။
ရပ်ရွာမှာ လှော်သမျှရယ်
တော်တော် ဂွကျ။ ။
သူကြီးလည်း မနေရ
ခက်လှ ပေါ့လေ။
မဖြစ်ချေ ဒီကလေး
နောင်ရေး တွက်ပေ။
ပြုပြင်လို့ လမ်းပြစေ
မောင်ဆိုးပေ လူလှလေး။
နဂိုရည် ကောင်းနေလျက်ကယ်
ပေါင်းဖျက် လို့လေး။ ။
ရွာလူကြီး မနိုင်ကြ
လမ်းပြလည်း သူချော်။
ရွာရေးမို့ ဆရာတော်
ပြောရ ပြီနော်။
ဆရာတော်
လူလှ ခေါ် စာဝါချ။
သင်္ကန်းဘောင် ရှင်လူသားဖြင့်
ထား နေရာ ကျ။ ။
အလိမ္မာ တန်ဘိုးကြီး
ငယ်လတ်ကြီး တန်းလွန်သော်
ရွာရဲ့ လူတော်။
ရှင်လူမော်
ကျော်ပါလေ့ ဂုဏ်သတင်း။
ပညာရည် ရနံ့အေးရယ်
မွှေးပျံ့ ကြိုင်သင်း။ ။
အမောင် အချင်းရယ်တို့
အသင်းနဲ့ ခပင်းရယ်
ခွဲခြား တတ်လွယ်။
မူရင်း အခြေခံမယ်
လူပင်းငယ် မောင်လူလှ။
လူ့ရွာမြေ ပလီလွန်းတယ်
ဝန်းကျင် ကောင်းမှ။ ။
" သစ်ရိပ်ညို "
တို့ရွာက ကိုလူလှ
ရိုးအ လှပေ။
စာပေနယ် ကျမ်းဂန်ထောက်
ကြောက်ရွံ့ လို့နေ။
မင်းမှူးမတ် အထွေထွေ
သူ့မလေရှောင်ပုန်း။
မင်္ဂလာ လှူဖွယ်ရေးမှာ
ဆေးတဲ့ လက်သုံး။ ။
ဆေးမန်းဝင် ပုံပြင်ပြောပြတော့
သဘောကျ သူပင်။
လူလုံးပြ အလှဆင်
ရွံ့ ပါ့ သူ့သွင်။
မောင်လူလှ ထင်အမြင်
ရိုးသားချင် ရှာလည်း။
ရွာလူ တွင် အရက်ပုန်းက
ဆုံးမလေ့ မြဲ။ ။
အရက်ဆေးကွမ်း တိုးပြီဟေ့
ဆိုးသွမ်းပေ့ ကိုလူမော်။
ရိုးသားစွာ အခြေပစ်
မူးရစ်လို့ အော်။
ကိုလူလှ မြှောက်ပင့်ဖေါ်
ရွာဆော်ပင် မနေရ။
ရပ်ရွာမှာ လှော်သမျှရယ်
တော်တော် ဂွကျ။ ။
သူကြီးလည်း မနေရ
ခက်လှ ပေါ့လေ။
မဖြစ်ချေ ဒီကလေး
နောင်ရေး တွက်ပေ။
ပြုပြင်လို့ လမ်းပြစေ
မောင်ဆိုးပေ လူလှလေး။
နဂိုရည် ကောင်းနေလျက်ကယ်
ပေါင်းဖျက် လို့လေး။ ။
ရွာလူကြီး မနိုင်ကြ
လမ်းပြလည်း သူချော်။
ရွာရေးမို့ ဆရာတော်
ပြောရ ပြီနော်။
ဆရာတော်
လူလှ ခေါ် စာဝါချ။
သင်္ကန်းဘောင် ရှင်လူသားဖြင့်
ထား နေရာ ကျ။ ။
အလိမ္မာ တန်ဘိုးကြီး
ငယ်လတ်ကြီး တန်းလွန်သော်
ရွာရဲ့ လူတော်။
ရှင်လူမော်
ကျော်ပါလေ့ ဂုဏ်သတင်း။
ပညာရည် ရနံ့အေးရယ်
မွှေးပျံ့ ကြိုင်သင်း။ ။
အမောင် အချင်းရယ်တို့
အသင်းနဲ့ ခပင်းရယ်
ခွဲခြား တတ်လွယ်။
မူရင်း အခြေခံမယ်
လူပင်းငယ် မောင်လူလှ။
လူ့ရွာမြေ ပလီလွန်းတယ်
ဝန်းကျင် ကောင်းမှ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment