လမ်းသစ်ကိုမျှော်ကြည့်ခြင်း

"လမ်းသစ် ကိုမျှော်ကြည့်မိခြင်း"

သင်သွားလိုရာ ခရီးနှင်လော့
သင့်ရဲ့ခြေရာ ထင်ကျန်ရစ်ဆဲ
ငါ့အသည်းမှာ နွမ်းပင်နွမ်းလည်း
ဖြည့်ဆည်းရဲသည့် ငါ၏ခန္တာ
ပေးဆပ်ပါသည်။
သင်လိုအများ ကူးဖြတ်သွားလည်း
ရှောရှောရှုရှု ပေးဆပ်ကူသည့်
ငါ၏ဘဝ ငါ့ဆန္ဒအား
သင်၏အတွေး ထင်မြင်မသေးသင့်။
ငါ၏ဝန်တာ ငါ့စေတနာက
ရာသီမရွေး ကူညီပေးဆဲ
ရေ လေတိုက်စား ခံနိုင်အားငဲ့။
ငါ၏ဖြစ်သွင် အသက်ဝိဥာဉ်ကို
သင်မကုစား အနေများက
ငါ့ဝန်တာရုပ် ဆုပ်ယုတ်ပျက်ယွင်း
ဖြစ်ရခြင်း၌
သင်နှင့်တပါး သူတစ်ခြားတို့
လဲကွဲချော်မှောက် ခြေခွင်ခေါက်သို့
ရလျှင်ဒုက္ခ ငါ့ကြောင့်ပဟု
တာဝန်မကျေ ငါတေလေသို့
မှတ်စွဲယူကာ မထားသင့်။
သင်တို့စုပေါင်း ဤလမ်းဟောင်းကို
ပြန်ပြောင်းပြုပြင် လမ်းသစ်ထွင်လို့
အနာဂတ်တေး သာယာရေးတွက်
ကြိုပမ်းကြမည် တိုက်တွန်းရည်မိ
သင်တို့တိုးပွား လူအများ တွက်
လမ်းဟောင်းကိုချဲ့ လမ်းသစ်ဖွဲ့လော့
ငါ့လိုလမ်းဟောင်း မိတ်ဆွေကောင်းကို
အားသစ်ပြုကာ စာနာပါက
မျှော်ရည်ပြုံးလဲ့ မပြုံးလှဲ့။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်