ဂီတ သုခုမ
" ဂီတ သုခုမ "
သုခုမ အနုပညာ
နှစ်သက်စွာ သီဆိုတေး
ချိုအေးလှ သံသာသာ
သံစဉ်ဖြာ ဂီတညင်းပါလို့
ဘယ်ညာဆင်း တီးပုံလေးက
ခွန်းချိုမြအေး။
တေးသီချင်း သွင်းလာပြန်
သီချင်း ထန် ဟန် ကျန
ကြိုးဆင်းချ တက်မြင့်နိမ့်
ပျိုးခင်းလှ လေးညှင်းကာရန်
တံတျာရှင်တေး။
ကြိုးသားရေ လေလက်ခုပ်
ကျေညက်နုတ် စေမခွာ
သေချာလှ လက်စွမ်းခတ်
ပရိပ်သတ် လက်ခုပ်သံ
တက်သုတ်ညံ သင်း ရွှင်ပြ
ပြည့်နားဝင်သွေး။ ။
" သစ်ရိပ်ညို "
သုခုမ အနုပညာ
နှစ်သက်စွာ သီဆိုတေး
ချိုအေးလှ သံသာသာ
သံစဉ်ဖြာ ဂီတညင်းပါလို့
ဘယ်ညာဆင်း တီးပုံလေးက
ခွန်းချိုမြအေး။
တေးသီချင်း သွင်းလာပြန်
သီချင်း ထန် ဟန် ကျန
ကြိုးဆင်းချ တက်မြင့်နိမ့်
ပျိုးခင်းလှ လေးညှင်းကာရန်
တံတျာရှင်တေး။
ကြိုးသားရေ လေလက်ခုပ်
ကျေညက်နုတ် စေမခွာ
သေချာလှ လက်စွမ်းခတ်
ပရိပ်သတ် လက်ခုပ်သံ
တက်သုတ်ညံ သင်း ရွှင်ပြ
ပြည့်နားဝင်သွေး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment