ခွန်းချွေတဲ့စာပန်းချီ
” ခွန်းချွေတဲ့စာပန်းချီ ”
ရွှေစိတ်တို ချိုစကား
မကြားရတာကြာပြီ။
နှုတ်ဆိတ်ငုံ ရေလုံပိတ်
တိတ် တိတ်လှသည်။
လွမ်းကဗျာသီ
ချိုအီတဲ့ စကား။
ချစ်သူထံ သံတော်လင့်လို့
ခွန်းဆင့် မှာကြား။ ။
ဒေါသဏ္ဌာန် ဖော့ဖယောင်းသို့
ပျော့ပြောင်းသည့် ပျို။
ချော့မြှူကြည် တစ်ရံဆစ်ရာက
ထစ်ကနဲဆို။
ဟန်မူပို
ငိုမလို ဖြစ်သွား။
ရွှေရင်ဖို ပြာပြာလှုပ်ကယ်
ထိန်းအုပ် ခက်သား။ ။
” သစ်ရိပ်ညို ”
ရွှေစိတ်တို ချိုစကား
မကြားရတာကြာပြီ။
နှုတ်ဆိတ်ငုံ ရေလုံပိတ်
တိတ် တိတ်လှသည်။
လွမ်းကဗျာသီ
ချိုအီတဲ့ စကား။
ချစ်သူထံ သံတော်လင့်လို့
ခွန်းဆင့် မှာကြား။ ။
ဒေါသဏ္ဌာန် ဖော့ဖယောင်းသို့
ပျော့ပြောင်းသည့် ပျို။
ချော့မြှူကြည် တစ်ရံဆစ်ရာက
ထစ်ကနဲဆို။
ဟန်မူပို
ငိုမလို ဖြစ်သွား။
ရွှေရင်ဖို ပြာပြာလှုပ်ကယ်
ထိန်းအုပ် ခက်သား။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment