မြန်မာပြည်ဖွား မြန်မာ့သား

"မြန်မာပြည်ဖွား မြန်မာ့သား"

ဗေပေါင်တူးပေါင်...........
ဗေပေါင်တူးပေါင်...........
နောင်နောင်နောင်...........
တို့ရိုးရာ မြန်မာတို့ရိုးရာ
မတစ်ထောင် တစ်ကောင်ဘွား
ကျားဆိုမှ ကျားတဲ့မောင်
ရင်ဆိုင်ရင် မကြောက်တတ်ပေါင်
သူနိုင်ကိုယ်နိုင် အပြိုင်ကျဲ
နွဲကြတဲ့မောင်။
ဝိုင်းတော်ပေါ် ကျော်ကာလွှားလို့
လက်ခမောင်းခတ်သံ
ကြားရဲလား ဟေ့ မောင်။
ယှဉ်ပြိုင်ကာ သက်နှင်းရင်
သေမင်းကို ဆင်းကြိုတဲ့ကောင်
အနိုင်ယူ ဗိုလ်မထား
တကောင်ဘွား ဟေ့ ကျား !!
ညာဒူးကို ညွှတ်ခင်းတဲ့ကောင်
ဘယ်ခြေနဲ့နင်း
ညာဒူးနဲ့ ပါးချိပ် ပူး
မော့အောင်လန်အောင် တိုက်မယ့်ကောင်
မြွေစွယ်ကို ချိုး
ဆင်လိုက် ကြံ့လိုက် ထိုးသတ်မယ့်မောင်
ချုပ်ဆိုယင် ချုပ်သိုင်း
အနားကပ်ရင် ခေါင်းဆတ်ကွက်မရှောင်
တဲ့တိုးထိုးရင် လက်သီးမိုးရွာ
ဝါးရုံပင်ကျွဲခတ် ကဲ့သို့ပါ
ဒူး တဒေါင် ခြေဖမိုး
ဖနောင့်မျိုး သုံးလို့
ပွဲတိုင်းကို အနိုင်ယူပြမယ့်
ယောက် ကျား !!!
မြန်မာပြည်သား ဟေ့ !
ရိုးရာဓလေ့ ဆုံ
တထွာ ရှိတဲ့မျက်နှာ
တတောင် မကွဲပါဘူးမောင်
စိန်ခေါ်ရင် တိမ်ညွှန့်စား
သားရဲထက်မိုက်မယ့်မောင်
အသဲကောင်းလို့ ပွဲတောင်းခဲ့ရင်
ဟိတ် !
ငါသေရင် နင်းခြေသွားကွဲ့
လက်ဝှေ့ဆို မြန်မာ့သား
လက်တွေ့မှာ ဗိုလ်မထား
မြန်မာပြည်ဖွား ဟေ့
မြန်မာ့သား ဟေ့ မောင်။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်