ရှင်လိင်ပြန် ကိုရွှေရိုး

"ရှင်လိင်ပြန် ကိုရွှေရိုး"

ဟဲ့ ဟဲ့ ဟဲ့ မိသိန်းကြွယ်
နင့်မကွယ် မလွယ်ထုပ်နဲ့
ကလေးကို လက်မှာဆွဲ
ခါးထစ်ငယ် သားပိုက်ခါမို့
ပမ်းလွန်းလှတယ်။
အရီးငယ်ပြောပါနဲ့
သူရုပ်နဲ့သူ့အသွင်
ကျောနောက်တွင် သားချီပိုက်
ရင်ဝမယ် သားငယ်ချီ
နောက်သားမျှော်သည်
မြောက်မပင် ရှုံးလောက်ကဲ့လေး။
အမလေး မိအေးသာ
အခုမှ စကားထာ ပတ်မလာနဲ့
ဟိုတချိန် အပျိုတုန်းက
ငါ့ရဲ့လင် ကိုရွှေရိုးကို
နင့်ဘက်က နောက်ပိုးသာ
ကြည်သာသာ မျက်နှာပေးနဲ့
မိန်းမ ဣိနြေ္ဒပျက်ကယ်
ခုနေနင့်အငြိုးနဲ့ ပြောရက်တယ်လေး။
ဟုတ်ပတော့ မိသိန်းကြွယ်ရယ်
နင်ငယ်ငယ် ပျိုစဉ်ဘဝကို
ပြေးကြည့်မိတယ်
အလှတွေ အယဉ်ဆင့်လို့
အချော အလှပါ့ တကယ်
ကွမ်းတောင်ကိုင် မိသိန်းကြွယ်ရယ်
တို့တောရွာ တစ်ခွင်လုံး
အလှဆုံးရယ်ပေါ့
ပြောလို့မဆုံး။
ဒီမယ်တော် မိရွှေဖော့ရဲ့
နင့်အပြော ခပ်လည်လည်
သူမကွယ် အညွန့်တုန်းမှ
ပြောပြတတ်တယ်။
ဟဲ့ တော်ကြ တိတ်ကြဟယ်
နင်တို့တွေ ဒီစကားနဲ့
အချင်းများကြမယ်။
မိသိန်းကြွယ် နင့်ခေါင်းဝယ်က
ဘာထုတ်တဲ့တုန်း။
အမလေး အရီးစရယ်
မပြောချင်အဆုံး
ရွှေရိုးကို ယူလာမိလို့ ငါးပါးမှောက်ဆုံး။
လူပျိုရွယ်ရှင် လူထွက်မို့
အမိုက်မ မိသိန်းကြွယ်
မငြင်းရက်ခဲ့တယ်။
ထန်း အရက် ရှောင်ပါတဲ့ ရွှေရိုး
ကောက်ရိုးကို နွားဖင်ထိုးသလိုပ
အ လိုက်တဲ့ အမျိုး။
စာပေတော့ အလည်သား
သားနှစ်ကောင် ပေါင်ပေါ်တင်
ပေရွက်စာ အဖ်ါပြုပါလို့
ပြောပြောလိုက်ချင်။
သမီးလေး မိသိန်းကြွယ်
နင်ဘယ်က လာသတုန်း။
ခုနက ငါ့သားငယ်ကို နင်တို့တွေ
စုရုံးလို့ ဘာပြောခဲ့တုန်း။
ပြောပါဘူး ငသာအေးရယ်
နင့်သားငယ် ပညာတုံးကို
နင့်ချွေးမ မိရွှေသိန်းရယ်က
အမွှမ်းတောင်တင် မဆုံး။
ဟုတ်ပါရဲ့ အဖေ
မိသိန်းကြွယ် ရွာလယ်ကပြန်ပေါ့
အမေ့ထံ ဆန်လည်တောင်းလို့
တစ်စလယ် သည်ဆန်ထုတ်ကယ်နဲ့
ရွက်ခဲ့ပေါ့လေး။
အေးလကွယ် နင်တို့ကလေးတွက်
တို့ခြံထွက် ဘူးသီးရယ်
ဆူးပုတ် နဲ့ ခဝဲ
ငြုပ် ကြက်သွန်ပင်တို့
မန်ကျဉ်းရွက် တမာချဉ်လေး
လာယူကွဲ့ မနှေး။
နင်မအားရင်က
ငါ့သားငယ် ရွှေရိုးကိုလ
တပတ်လည် အယူလွှတ်ဖို့
ပြောလိုက်ချင်သေး။
ဟုတ်သပ အရီးစ ရာ
အချိန်မီ ဆန်ကိုချက်လို့
ကလေးငယ်တွေနဲ့
လင်ရွှေမောင် ညစာရေးအတွက်
ပြေးချက်တော့ မလေး။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်