မြန်မာ့စိတ်ဓာတ်

"မြန်မာ့စိတ်ဓာတ်"

စရိုက်တူ အမိုက်ကူလိုက်ပါတဲ့
မြန်မာမလေးရဲ့ ဖြစ်အင်။
စည်းထားကာ ဘာသာကွဲသူမို့
သဏ္ဍာန်မတူသူကို ဟန်ကူလို့ချွဲခဲ့ရင်။
မြန်မာ့အမြင်မတင့်
တနွယ်ငင် တစင်ပါမဖြစ်ရအောင်
ဆင်ခြင်သင့်ဆင်ခြင်ရာကိုဖြင့်
မေတ္တာနှောင် ထိန်းကာသိမ်းပါတော့
မျိုးမြန်မာဇာတိသွေးကိုလ
မထောက်ညှာ မေတ္တာ မရောက်ပါနဲ့
ပြောပြခဲ့အထွေထွေ။
သို့ပေသည့် လွန်ဆွဲပြိုင်သည်
ချစ် ပ္လုင်တိုက်ပွဲ
နင့်အပြစ်နင်ခံပေသည်
ဟန် မချစ်ပေမယ့်
ကျန်ရစ်သူ အားအင်နွဲ့တာမို့
တို့မြန်မာ နင့်ကို မခွဲပါဘု
ဒုက္ခနဲ့တွေ့ နေသူ မြန်မာမလေးကိုဖြင့်
ယုတ်ညံ့ စွာမျက်ကွယ် မထားနိုင်လို့
ဖြည့်တွေးဖြေ နင်လက်ကမ်းယင်
လှမ်းလိုက်ချင်သေး။
" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်