စိတ်ကူးယဉ်မင်းသား

"စိတ်ကူးယဉ် မင်းသား

ဆံနွယ်ကျော့ရှင်း လှပျိုယမင်း၏
ကော့ပြောင်းညွှတ်သွယ် မျက်ဝန်းလည်ရွဲ
ဖူးသစ်နှုတ်ခမ်း နားသဆံလည်
ချစ်စဖွယ်သား ။

လေးကိုင်းညွှတ်တင် ထင်ထင်မျက်ခုံး
ချစ်စဖွယ်ပြုံးလဲ့ ဟန်မူနွဲ့ကာ
ရွှန်းလဲ့ကော့ပျံ မျက်တောင်ပံနှင့်
ဝေ့ပျံရိုက်ခတ် တဖျတ်ဖျတ်လည်
ဆံနွယ်ခစား နဖူးသားတွင်
လေပင့်တင်ရာ လှုပ်ရှားလာ၏။

လည်တိုင်ကျော့ရှင်း လှရုပ်ဆင်းဖြင့်
သမင်လည်ပြန် ကြည့်သည့်ဟန်က
မြင်သူငေးလျှက် တွေးဆက်မပြေ
လှရိပ်ဝေ၏။

ရင်အုံ ဖွင့်ထွား ငွားငွားစွင့်စွင့်
ပွင့်သည့်ပန်းနှယ် အသွယ်သွယ်လျှ
မို့မောက်ဝင်းရွှေ အဆင်းပြေ၏။

ညီညာဝင်းမွတ် ဖော့ဖယောင်းသွင်
ပျော့ပြောင်းလက်ဟန် ကုဋေတန်၏။

ခါးနွယ်လျှပါး လည်တိုင်သားနှင့်
တင့်ဆန်းလိုက်ဖက် ရှိချက်ကယ်မူ
နွဲ့မူရစ်သွေး အလှသွေးကြွယ်။

ကားစွင့်တင်ချီ မယ်မဒီသို့
ခြေတံခြေဆင်း ဆင်စွယ်ဝင်းသို့
လှ၏အားမာန် ပြည်ထိုက်တန်၏။

ဖမိုးသွယ်သွယ် ညီညာဖြောင့်စင်း
ကောင်းခြင်းငါဖြာ ပြည့်မှီစွာဖြင့်
လှမူရေးချယ် လှသွေးကြွယ်၏။

တစက်စက်ယို စိုစိုလဲ့လဲ့
မက်မက်ဖူးစာ ချစ်ခွင့်ပန်သ
ချစ်လိုလှလည်း ချစ်အားငယ်ရယ်
ပိုမိသည်။ ။

" သစ်ရိပ်ညို"

မည်သည့်groupမှမတင်သေးပါ
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်