ချစ်ခြင်းဖွဲ့မာယာကကြိုး

" ချစ်ြခင်းဖွဲ့ မာယာ ကကြိုး"

ရက်စက်လိုက်တာ ရှင်
စာနာစိတ် ပါးပါးလေးတောင် မထား
အမှောင်ထဲက သိမ်းပိုက်ခံ မင်းသမီး
သတိတချက် တိမ်း ယိမ်းယုံ မျှဖြင့်
ဘဝတစ်ခုရဲ့ အချစ် ဝါးမြို ခံခဲ့ရပြီ။

ဆူး နှင်းဆီနီနီ မွှေးရနံ့က သင်း
အဆင်းလဲရှိ နူးညံ့သည့် မေတ္တာ အပြည့်။
ရှင်က ပေါက်ပွင့်လို အကြောမာ
အနံ့ကင်း မေတ္တာနဲ စေတနာမွဲသူ။

အဆင်း တူယုံမျှ သူယောင်မယ်ဟန်ထုတ်
သက်တန့်လို ရောင်စဉ် ပြ
အချစ် ကင်းမျှင် ပိုက်ကွန် အုပ်ကာ
အသည်းစားတဲ့ အချစ် ပန်းစားဘီလူး။

စွန့်ပစ်ခံ ပန်းနှင်းဆီ တရွက်ခြင်း ကြွေကျ
နင်းချွေခံ ဘဝဖြင့် စတေးခဲ့ရပြီ။
ရှင် သိမ်းပိုက်ခဲ့တဲ့ အချစ်တွေပြန်ပေးပါ
လွမ်းတေးလေးလဲ မဆိုပြ ပါနဲ့
အသည်းကျွမ်း၍လဲ မငိုပြ ပါနဲ့။

ကန့်လန့်ကာ နောက်က ကကြိုးဆင်
ရုပ်သေး မင်းသားလေးကို ကြိုးတုတ်
အမူပိုပို ချွဲ မေတ္တာသံ ရောင်ပြန်တေးဖွဲ့
အသနားပိုပို ချွဲချွဲဆို ငိုဟန်ပြ
ရှင်ဟာလေ အာဂ ပန်းစားဘီလူး ။ ။

သဲဦးပန်းဘဝ မျက်ရည်စို စိုရွှဲ
ဝတ်မှုန်ကူးဖို့ နှင်းဆီဖူးမှာ ဝတ်ဆံမရှိတော့
ကြွေလဲမကျ မြေလဲမခ
မာယာရဲ့လှည့်ကွက်က အနိုင်ယူသွားခဲ့
မာယာစက်ကွင်းတွင် ပေးဆပ်နေရင်းဖြင့်.....

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်