ဦးရွှေရိုးနှင့်တို့တောရွာ

"ဦးရွှေရိုး နဲ့ တို့တောရွာ"

တို့ရွာမြေအလှူပွဲ နွှဲလို့တူပျော်
ဒိုးပတ်ကယ်အိုးစည်ဝိုင်း
သောင်းထိုက်ကကျော်။
လူလှနဲ့ ရွှေညှာ အဆိုမှာထိပ်တန်း
ဒိုးပတ်ကို ပိုင်ပိုင်တီးတဲ့
ရှေ့ပိုင်းက ကိုဖိုးသာ
ညိုကြီး က လင်းကွင်းမှာ
အောင်သော်က ဝါးလက်ခုပ်
အိုးစည်ကိုလွယ်
မောင်အေးကြွယ် ဗေထုံပတ်ကဲ့
ရွှေနှဲကျော် ကိုလူမော်တို့
လူစုံစွာအပြိုင်ကျဲ တယ်
ဝက်ဝက်ညံမဆဲ။
ဦးရွှေရိုးအကမှာ
ငသန်းရယ် အကဆန်းပါဘိ
ဒေါ်မိုးဆို မိပြုံး ကို ဘယ်သူမှီပါ့မယ်
မြူးကြသည့်ပွဲ။
ရွာထိပ်ကကျောင်းတော်ရာ
လမ်းတကာ စုံအောင်လှည့်ပါလို့
မနားမနေ ကဟန်ထူးတွေနဲ့
ဦးရွှေရိုး သီချင်းသံမြူးလှတယ်
တောဓလေ့ရွာပွဲ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်