ဖေးကူလှဲ့ ပန်းနှင်းဆီ

" ဖေးကူလှဲ့ ပန်းနှင်းဆီ "

နီနီသွေး
ကြည်အေးစွ အိုနှင်းဆီ။
လှသိင်္ဂီ ဆောင်တော်ကူး
မြူးလွင့်ဟန်ချီ။ ။

ချစ်ပလီ
တင့်သည်က တစ်ပွင့်ခြင်း။
အဆင်းက ရွှင်ကြည်စွာ
ရနံ့ဖြာသင်း။ ။

နေခြည်လျှမ်း
ပွင့်လန်းစ ချိန်ခါပေ။
ဖူးပွင့် ဝေ လှသည့်ပန်း
လန်းလျှက်ပါလေ။ ။

ပန်းမာရ်စေ
တင့်လှပေ ဂုဏ်သတင်း။
သင်း ရနံ့ လွန့်လူးလျှံ
ဆူးဝန်းရံညှင်း။ ။

ပင်ယံနန်း
ဆင်မြန်းကြ များသူငါ
အားယူကာ လန်းချင်ရဲ့။
ချစ်ရည်တူလဲ့။ ။

ပန်ပေးကွဲ့
ပျိုလေး ကေသာမှာ
တစ်ပွင့်သာ ပန်တဲ့ပန်း။
ပင့်သက်ဖိုလွှမ်း။ ။

ပါးကွက်ကြား
သနပ်ခါး ပါးပါးကူ။
နုသားဖြူ ဘယ်မယိမ်း
လိမ်းခဲ့လေသူ။ ။

ပျို့ချစ်သူ
နှစ်ကိုယ်တူ ချစ်ရည်ရွှမ်း ။
နံ့သာလမ်း နှင်းဆီနောလို့
တောမသတ် နမ်း။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်