မြတ်နိုးယုယ ချစ်လှစွာသော မိုး
"မြတ်နိုးယုယ ချစ်လှစွာသော မိုး"
လွမ်းငွေ့ သဲ့သဲ့လေးဆိုရုံမျှ
မေ့မရ ဖြစ်ခဲ့သောမိုး။
နှလုံးခုန်သံ နွေးနွေး
ခပ်ပါးပါးလေး တစ်ချက်
လှပ်ရုံမျှဖြင့်
ခံစားချက်ကိုအသိအသွင်
ပြောင်းလဲစေသည့်
ကျနော်ချစ်သောမိုး။
မိုင်ထောင်ချီဝေးသောအရပ်မှ
သူ့အရိပ်သဏ္ဍန်ဝိုးတဝါး မြင်ရုံမျှဖြင့်
အသည်းမှ ယိုစီးလာသော အချစ်
တားဆီးမရခဲ့ပါ။
အတိတ် မှ အရိပ်တို့
ယခုတိုင် အရိပ်စစ် ပြောင်းလဲ
ရနိုင်လောက်သည်။
ဝိုးတဝါး လရောင်ရိပ်ကျတဲ့
မိုး မျက်နှာလေး
ခုတိုင် အမှတ်ရဆဲပါ မိုး။
မှုန်ရီရီ ညရိပ်အောက်
တဖျတ်ဖျတ် တောက်ခန့်ထင်သော
မိုး မျက်ဝန်းအစုံ
တစိုက်မတ်မတ် စိုက်ကြည့်နေပုံ
ကျနော့် နှလုံးသား ဆေးစုပ်ချက် တင်ခဲ့ရာ
ပန်းချီ သရုပ်ဖေါ်မတတ်လောက်သည့်
ကျနော့် အချစ် မိုးမျက်နှာ။
တော်သည် ထက်သည်
နူးညံ့သည် ပြတ်သားခဲ့သည့် မိုး။
သို့သော်
တစိုက်မတ်မတ် ရည်ရွယ်ချက် အပြည့်
ကျနော့်ကို ချစ်ခဲ့မှန်း
စိုးစဉ်းမျှ မရိပ်မိခဲ့။
ခံစားချက်ကို ရင်ထဲတွင် တိတ်ဆိတ်စွာ
သိမ်းဆည်း ထားနိုင်သော မိုး။
တုနှိုင်းမဲ့ အချစ်ကို
ကျောက်ထက် အက္ခရာတင်
တမ်းတတ သံယောစဉ်ဖြင့်
အချစ်နှောင်ကြိုး ခိုင်ကြည်စွာ
ရစ်တွယ်မှန်းမသိ ဖြစ်ခဲ့ရသော ကျနော်။
အရှုံးပေးသည့်စိတ် လွန်ကဲစွာ မိုး အပေါ်
လက်လျှော့ ချင်ခဲ့မိသည်။ဒါပေသည့်
နိုးတဝက်အိပ်မက် အချစ်ကိုပင်
ကျနော်တစ်ယောက် တောင့်ခံအား မရှိခဲ့။
မိုး အက္ခရာ စာလုံး မြင်တွေ့ရုံမျှ
သတိတရ ရှိခဲ့သည်။
အချိန်ပေါ်အချိန်ထပ်
ရာသီစက်ဝန်း ကန့်သပ်မရှိ
ဟောင်းရိပ်မမြင် သစ်လွင်၍သာ
ထာဝစဉ် ရှိခဲ့သည်။
ကျနော်၏ သက်ဆုံးတိုင်
မြတ်နိုးယုယ ချစ်လှစွာသော
မိုး အဖြစ် ထာဝရဖြစ်ဆဲပင်။
" သစ်ရိပ်ညို "
လွမ်းငွေ့ သဲ့သဲ့လေးဆိုရုံမျှ
မေ့မရ ဖြစ်ခဲ့သောမိုး။
နှလုံးခုန်သံ နွေးနွေး
ခပ်ပါးပါးလေး တစ်ချက်
လှပ်ရုံမျှဖြင့်
ခံစားချက်ကိုအသိအသွင်
ပြောင်းလဲစေသည့်
ကျနော်ချစ်သောမိုး။
မိုင်ထောင်ချီဝေးသောအရပ်မှ
သူ့အရိပ်သဏ္ဍန်ဝိုးတဝါး မြင်ရုံမျှဖြင့်
အသည်းမှ ယိုစီးလာသော အချစ်
တားဆီးမရခဲ့ပါ။
အတိတ် မှ အရိပ်တို့
ယခုတိုင် အရိပ်စစ် ပြောင်းလဲ
ရနိုင်လောက်သည်။
ဝိုးတဝါး လရောင်ရိပ်ကျတဲ့
မိုး မျက်နှာလေး
ခုတိုင် အမှတ်ရဆဲပါ မိုး။
မှုန်ရီရီ ညရိပ်အောက်
တဖျတ်ဖျတ် တောက်ခန့်ထင်သော
မိုး မျက်ဝန်းအစုံ
တစိုက်မတ်မတ် စိုက်ကြည့်နေပုံ
ကျနော့် နှလုံးသား ဆေးစုပ်ချက် တင်ခဲ့ရာ
ပန်းချီ သရုပ်ဖေါ်မတတ်လောက်သည့်
ကျနော့် အချစ် မိုးမျက်နှာ။
တော်သည် ထက်သည်
နူးညံ့သည် ပြတ်သားခဲ့သည့် မိုး။
သို့သော်
တစိုက်မတ်မတ် ရည်ရွယ်ချက် အပြည့်
ကျနော့်ကို ချစ်ခဲ့မှန်း
စိုးစဉ်းမျှ မရိပ်မိခဲ့။
ခံစားချက်ကို ရင်ထဲတွင် တိတ်ဆိတ်စွာ
သိမ်းဆည်း ထားနိုင်သော မိုး။
တုနှိုင်းမဲ့ အချစ်ကို
ကျောက်ထက် အက္ခရာတင်
တမ်းတတ သံယောစဉ်ဖြင့်
အချစ်နှောင်ကြိုး ခိုင်ကြည်စွာ
ရစ်တွယ်မှန်းမသိ ဖြစ်ခဲ့ရသော ကျနော်။
အရှုံးပေးသည့်စိတ် လွန်ကဲစွာ မိုး အပေါ်
လက်လျှော့ ချင်ခဲ့မိသည်။ဒါပေသည့်
နိုးတဝက်အိပ်မက် အချစ်ကိုပင်
ကျနော်တစ်ယောက် တောင့်ခံအား မရှိခဲ့။
မိုး အက္ခရာ စာလုံး မြင်တွေ့ရုံမျှ
သတိတရ ရှိခဲ့သည်။
အချိန်ပေါ်အချိန်ထပ်
ရာသီစက်ဝန်း ကန့်သပ်မရှိ
ဟောင်းရိပ်မမြင် သစ်လွင်၍သာ
ထာဝစဉ် ရှိခဲ့သည်။
ကျနော်၏ သက်ဆုံးတိုင်
မြတ်နိုးယုယ ချစ်လှစွာသော
မိုး အဖြစ် ထာဝရဖြစ်ဆဲပင်။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment