စွမ်းအားပြည့် လူငယ်

"စွမ်းအားပြည့် လူငယ်"

စာသင်ခန်းဝင်
ပညာသင် နို့ရည်သောက်
တို့များလူငယ်
လုပ်ငန်းခွင်ဝင်
လုပ်အားရှင် စွမ်းအင်ရောက်
တို့များလူငယ် ။

ပြည်သာယာ အကြိုထောက်
ပေါက်မြောက်သည့် ပြည့်စွမ်းအင်
ထက်မြက်သည့် လူ့ဂုဏ်သွင်
လူငယ်တွင် အခြေပြု
နောင်တခေတ်တွင်
စစ်မှန်သည့် ဒီမိုအရေး
တွေးဆစေချင်။

ပါတီစုံ လူကြီးတို့
မြတ်နိုးသည့် ကေဒါသွင်
ထင်မြင်ကြ မူကွဲ
်တို့လူငယ် နှစ်ဘက်ဆွဲ
ခြေလက်ရယ် ခေါင်းတွေချိုး
ညှိးသည့်ရန်ပွဲ။

ပညာရှင် အခြေပြု
ချီတက်တော့ လူငယ်ပင်
အသွယ်သွယ် အောင်ပွဲ
နောင်အမြဲ ရေရှည်ဖို့
ဤလူငယ် သုံးပြန်ကြ
စိုးစိတ်ပိုကဲ။

မြတ်နိုးငယ် သဏ္ဍန်ထုတ်
ကြံမဟုတ် အမြတ်ချန်
ထောင်ထွက်ရင် တို့လူပဲ
တွေးဆစိတ်ကြံ။

ထိပ်ချမှ အဖြေမှန်
နေသာပါ့ တဇောက်ကန်း
ကြုံငန်း ကြုံ သလိုဆင်
လူငယ်တွင် အားအင်ချိတယ်
ပြည်မြန်မာ သာဖို့ရေး
တွေးဆခြင်မိ။

နောင်တခေတ်ဝယ်
လူငယ်တွေ အမြင်တင့်
ရင့်သန်ရမယ်
စစ်မှန်တဲ့ ဒီမိုရယ်
လူငယ်တွေ လက်ဆက်ကမ်း
လှမ်းတက်ကြမယ်။

ခုနေချိန်ဝယ်
ကိုယ်ရည်ကို မြှင့်ထားမှ
အားရှိကြမယ်
အားရှိတဲ့ ဤလူငယ်
ကမ္ဘာကုန် လွှမ်းစေပ
ပြည်မြန်မာ သာမည့်လမ်း
မှန်းဆမျှော်တွေး။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်