ဘဝဆိုသည်မှာ

” ဘဝဆိုသည်မှာ ”

ဘဝမှာ ရွယ်ပျိုအား
အရိုးအသား ကြီးထွားရုံလေးဖြင့်
မပြီးသေးပေ။

ပညာမှာ သင်လိုအား
အတတ်များ မြင့်မားရုံလေးဖြင့်
မပြီးသေး သင့်ချေ။

ကိုယ့်ရုပ်နှင့် ကိုယ့်စိတ်ကိုလေ
တည့်မတ်နေ ငြိမ်အောင်ထိန်း။

အပျော်အပါး နွံမရှာနှင့်
ပညာပွား တံခွန်ဖြာသင့်
ကျွံတဏှာ အပျက်ဘေးတို့ကို
ဝေးက ရှောင်တိမ်း။ ။

ပညာခေတ်မှာဖြင့်
ဖြစ်သင့်သည့် ကောင်းကျိုးရှာ
တန်ဖိုးသိစွာ။

ဆိုးမိုက်သည့် လမ်းစဉ်မှာ
မပျော်ပါ စေနှင့်။

နောင်ချိန်ခါ ဘဝကောင်းအောင်
လမ်းကြောင်းမှန်သင့်။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်