တိမ်ယောင်ဆင် တိမ်း

"တိမ်ယောင်ဆင် တိမ်း"

သမုဒယ ရွယ်ခိုး
ဟုတ်လိမ့်နိုး တိုးလို့သာ
သေချာ ရှာမိ။

မှန်စွာသိ တဏှာလွန်
နယ်ကျွံလျှင် ခက်သား
သက်ထားလှ အမူပို
ပြုံးချိုရဲ့လေး။ ။

နှစ်ကိုယ်တူ ရည်စူး
ချစ်ဦးမောင့် မေ့သခင်
ချစ်ကြင် မှာလား။

သံသယ အပြစ်ဆို
စိတ်ညိုကာ တမင်ပစ်ရင်
ကျန်ရစ်မယ့် ကညာတစ်ပါး
ရတက်ပွား ပိုလှပေါ့
ငိုရကွဲ့လေး။

စိတ်ထားငယ် ဖြူစေ
မာနချွေ သွေမပစ်
မေချစ်တဲ့ မောင်။

ကွေ့ရှောင်ကာ အမူစိမ်းနဲ့
နွဲ့ယိမ်း တစ်မူသာလို့
ပူဗျာပါ ကျွမ်းသူပိုက်မယ်
မှောင်မိုက်ကွဲ့လေး။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်