မွေးဖွားဘဝ

" မွေးဖွား ဘဝ "

လွန့်လွန့် လူးလူး မြူးမြူး ကြွကြွ
လှုပ်နိုး စရင်း သန္ဓေ ခြင်းဖြင့်
နေရင်း ဘဝ ရခဲ့ပြီ ။

သာသာ ယာယာ မြေကမ္ဘာထက်
ရပ်တည်လျှက်ပင် ရှေ့နောက်ဆင်ကာ
ချစ်လျှင် ချစ်မိုး မေတ္တာ ပျိုးမှ
ရွှေမိုး ဝေဖြာ ရွာလိမ့်မည်။

သံသရာ ထဲ ခက်ခက် ခဲခဲ
ရပ်မြဲ စေတနာ ဝေဒနာ ဖြစ်
မေတ္တာ စစ်ဖြင့် မိစစ် ဖရာ
သားပမာ သို့ နိဝါတောစ
ဂါရဝ ဖြင့် လူ့ ဘဝခွင်
စ၍ ကြင်သော် ရွှေစင် ဘော်ခဲ
အမျိုး ခွဲကာ ကွဲကွဲ ပြားပြား
ခြားခြား ထွေထွေ နေတတ်စေ။

ပြိုးပြိုး ပျက်ပျက် လျှပ်စီး လက်သို့
မြင်လျှက် ခဏ တစ်ဘဝ တွင်
သာစွ ဂရုဏာ မုဒိတာ ဖက်
စိတ်မှာ ချစ်စွာ ဥပေက္ခာ ပေး
ချစ်တေး ချိုချို မပို မလို
ညို တိုတို လည်း မမြင်စေ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်