လက်လုပ်လက်စား

" လက်လုပ် လက်စား "

လူတိုင်းတူတူ အဘယ်သူများ
လက်က လှုပ်မှ ပါးစပ်က စား၏
အချိန်အခါ နေရာဒေသ
လိုက်ပါနောက်တိုး အမျိုးမျိုးတွင်
ဆင်းရဲ ချမ်းသာ ကွာဟ လာ၏။

ဆင်းရဲသော်လည်း သူဆင်းရဲ ဟု
နှိမ့်ချ ဆက်ဆံ မခံနိုင်ငြား
ချမ်းသာသူများ ဆတိုး ပွားအောင်
ယူမှား အကျင့် ကျင့် ဖြစ်ခဲ့ငြား

ဖိနှိပ် ဖန်များ အုံကြွအားဖြင့်
မကောင်း ယုတ်မာ ပြုတတ်လာ၏။

ဗုဒ္ဓ သာသနာ မေတ္တာ စာက
ဆင်းရဲ ချမ်းသာ ကောင်းမှုရှာ၏။

ဆင်းရဲသူများ
တတ် သိ ပညာ နွမ်းပါးတာမို့
မြင်ရုံအသိ တစ်ခု ရှိက
စွဲမြဲ သေချာ မှတ်သားရှာ၏။

ချမ်းသာသူကား
ရသလောက်ထား မလောက်အားဘဲ
တိုးတက်ကြီးပွား သောက များ၏။

ဖြစ်တတ်သည့် ညာဉ်
တစိမ့်စိမ့်တွေး တရေးရေးမြင်
ဆင်ချင်ရာ၏။

ကရွတ်ပင် ကင်းပတ်
ပြုတတ်သည့် သဘော
လူ့မနောကို ပြန်ပြောင်း ရှုမြင်
မြဲ ဆင်ခြင်မှ တော်ကာကျလိမ့်။

ဗုဒ္ဓတရား မိန်ြ့မွက် သံဃာ
မိဘစကား ဆရာသမား တို့
ညွှန်ကြားသွန်သင် ဆုံးမလျှင်မူ
မခြားလိုက်နာ ဆောင်ရွက်ပါက
သုခကျန်းမာ အေးငြိမ်းရာ၏။

သံသရာတိုင်
လက်လုပ်လက်စား လူအများတို့
ကိုယ်စီအသိ အမြဲရှိ၍
မေတ္တာ စေတနာ ဂရုဏာဆပွား
ညီညွတ်အားဖြင့် မြင့်မားတိုးတက်
ကြပါကုန်။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်