ဒီလူ ကတော့ဖြင့်

” ဒီလူကတော့ဖြင့် ”

ဟိုဟာလည်း ငါပါ
ဒီဟာလည်း ငါပါမှ။
ငါမပါ ဘယ်ဟာမပြီး
ဝဋ်ကြီး လှပါ့။

တည့်တည့်မတ် မပိုင်ငြား
လုပ်အားကို ချွေတာ။
တိုးတက်ရာ တိုးတက်ကြောင်း
ကောင်းနိုး ရာရာ။
ဆားမပါ ဘယ်ဟာမှမပြီး။
ဘယ်လောက်တန် ဤသည့်ဆားမှာဖြင့်
လူအများ သတ်မှတ်တာ
တန်ဘိုးမှာ အလွန်နည်းပြီကွဲ့
ဖွဲသာသာ တည်း။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်