ကျနော့်နာမည် ငဖြီး ၃

"ကျနော့် နာမည် ငဖြီး "
အပိုဒ(်၃)

ကျနော်တို့ တန်ဆည်နယ်က
ရထားမြင်ဖူးသူ နဲသည်
ကျနော် လည်းမမြင်ဖူးပါ ။
ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတဲ့ရထား
မျက်ဝါးထင်ထင် တွေ့ရတော့မည်
ပျော်လိုက်တာ ရေဦးကားဂိတ်က
ဘူတာ နားမှာပင်
ခရီးသည် များနဲ့အတူ လိုက်ဆင်းသည်
ကားဂိတ်က နာမည်မရှိ ကားအဆင်း
အတက် နေရာကကားဂိတ် ဟားဟား
ရီစရာမှ တကယ့်ရီစရာ ကြည့်ပါဦးဗျာ
တန့်ဆည်ပြန်မယ့် သူတွေ
ကားဂိတ်ဆိုသော
လမ်းဘေးနေရာ တွင်
ဟိုတစ်စု ဒီတစ်စု ငုတ်တုတ်တုတ်
ထိုင်နေကြပုံ ရီစရာကြီး ။

`ကလိုင် ကလိုင် ကလိုင်"
လန့်ပြီးထခုန်မိသည် လူတွေ ကျနော့်ကို
ဝိုင်းကြည့်နေကြသည်
ရှက်ရှက်နှင့် ကြည့်နေသူများကို
သွားဖြီးကာ ရယ်ပြလိုက်မိသည် ဟီးဟီး
အနီမှ သံချောင်းခေါက်သံ လာရာ
လှည့်ကြည့်တော့လဲ ရယ်ချင်စရာ
သံလမ်းပြတ်ကို အပေါက်ဖောက်
နန်းကြိုးနှင့် ဆွဲထားသည် ရှာရှာကြံကြံ
တော်တော်မိုက်တဲ့လူတွေ သံလမ်းသံချောင်းကို ဆွဲကြိုးချသတဲ့
အဟားဟား
လက်မှတ်ရောင်း ကလိုင်ခေါက်သံပေးတဲ့
မကြာခင် ရထားဆိုက်ရောက်တော့မယ်တဲ့
ပျော်လိုက်တာ ရထား တွေ့ရတော့မယ်
ပိုးနက်သန်ကောင်ကြီး စီးရတော့မယ်
လက်မှတ်ရောင်းဌာနသို့
လက်မှတ်ဝယ်ရန် သွားလိုက်သည်
လူတွေလူတွေ ရယ်စရာကြီး ဗျာ
ပုရွက်ဆိတ် တိရစ္ဆာန် တွေကျနေတာပဲ
လက်မှတ်ဝယ်ဖို့ တန်းစီနေကြသတဲ့ အဟိ
ကျနော်က ကျောင်းသားလေ တန်းမစီပဲ
လက်မှတ် ရောင်းကောင်တာဆီ
တိုက်ရိုက် သွားတယ်
သိလို့တော့မဟုတ်ဘူး တန့်ဆည်က
တက္ကသိုလ် ကျောင်းသားကြီးတွေ
လမ်းညွှန်ပြောထားလို့ ဟဲဟဲ
လက်မှတ် ရောင်းကို ပါလာတဲ့
ထောက်ခံစာ ပြလိုက်တာ ချက်ချင်း
ရောင်းပေးလိုက်တယ်
ကျနော် တက္ကသိုလ်ကျောင်းသားလေ
တန်းစီနေတဲ့ လူတွေကို ကြည့်ပြီးရယ်ပြ
လိုက်မိသေးတယ် နင်တို့တွေ ဆက်တိုး
လိုက်ဦး။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး