ရင်တွင်းမေတ္တာ

" ရင်တွင်း မေတ္တာ "

မြစ်ရေသွင် ဒီချိန်ကျ
နွေကာလတခွင်
လှပခဲ့ နွံရင်ပြင်မယ်
ရွှံ့ညွှန်တွေ ထူထဲ။
တမူကွဲပေမယ့်
လူထဲကလူ
အတတ်ပညာ နဲလို့
ကံမွဲခဲ့သူ
နေပူအောက် စိတ်ဗျာပါကြွယ်
သားအတွက် ပညာရေးမို့
်သစ်ငုတ် ညှောင့် မကြောက်နိုင်ပေါင်
ငွေရှာဖို့ သူ့အရေး
ငါးကိုသာ တွင်တွင်နှိုက်လို့
မနက်မလင်းပါဘု
ညချင်း အမှီရောင်းပါမှ
စာအုပ်ဖြူ ခဲတံလေးနဲ့
နက်ဖန်ခါ ကျောင်းအပ်ပေးပါ့မယ်
သားအတွက် နောင်ရေး။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်