တက္ကသီလာ ချစ်သူ

" တက္ကသီလာ ချစ်​သူ "

လေးလုံးသံ တခွပ်​ခွပ်​ပေးလို့ 
ပြေးပါတဲ့ မြင်းလှည်းငယ်
မုနိရှင်​ မြတ်​ဘုရားသို့
သွားဖူးရာဝယ်​။
ဆု​တောင်းရ ​မေ့​မောင်​ရယ်
ဖူးစာငယ်​ ဆုံနိုင်​​ရေး။
တက္ကသိုလ်​ သီလာကျွန်းမှာ
ကွန်းခိုချိန်​​လေး။ ။ 

ရွှေရင်​မှာ တမူထူးလို့
ရွှင်​မြူးလှတယ်​။
အ​အေးကို လက်​ပြန်​ချိတ်​လို့ 
သောက်​ခဲ့ကြတယ်​။ 
တောင်​သမန်​ အင်းကိုကွယ်
ထပ်​ဆင့်​ရယ်​ ဆက်​သွား။
မန္တ​လေးမှာ လွန်​ထင်​ရှားတဲ့
ဦးပိန်​တံတား။ ။

လေ​ပြေ​ငယ်​ သုန်​သုန်​ဖြူး
ကြည်​နူးရ​ပေ။
ဆံချည်​မျှင်​ အဝတ်​စား
လွှားလွှားလွင့်​​နေ။
ကြည့်​စမ်းပါ့ ​မေ့​မောင်​​ရေ
မောင့်​ရဲ့​မေ လှသလား။ 
နေကာမျက်​မှန်​​လေးနဲ့
ပြုံးပြလို့ထား။ ။

သွားကြဦးစို့လားရှင့်
တံတားမှအပြန်​။
မန္တ​လေး ​တောင်​​တော်​ဦးကို
ဖူးကြဖို့ရန်​။
သာ​ပေစွ မြင်းခွာသံ 
သော​သောညံ ရွှင်​​အေး။
မယ်​နဲ့​မောင်​ တူယှဉ်​နွဲတယ်
မြင်​လှည်းနှင့်​လေး။ ။ 

တောင်​​တောင်​​ခြေ မြတ်​ဘုရားတို့ 
လျှောက်​သွားရင်း ကြည့်​ရာ။ 
ထုံးဖြူဖြူ တည်​ဘုရား
များပြားလှစွာ။
မေပုန်း​လို့ မောင်​လိုက်​ရှာ
မိပါ​တော့ ပိုက်​​ထွေး။
အကြင်​နာ ရင်​ခွင်​​လေးမှာ
နွေး​နွေး​ထွေး​ထွေး။ ။

တောင်​ထိပ်​​ပေါ် သည်​အတက်
ချွေးထွက်​လှတယ်​။
ပစ္စယံ အလယ်​နားမှာ
နားကြရာဝယ်​။ 
မောင့်​​ချွေးစ နဖူးမယ်
ပုဝါငယ်​ သုတ်​လို့​ပေး။
အသားဖြူ ပျို့​​မောင်​ဖုန်းရယ်
ပြုံးစစ​လေး။ ။

ခဏ​နေ ​တောင်​ထိပ်​​လေး 
ပြေးတက်​ကာရယ်​။ 
လှေခါး​တွေ မတ်​​စောက်​လွန်းလို့ 
ညောင်းလွန်းလှတယ်​။ 
ဖေးကူတဲ့ မောင်​ကြီးရယ်
ပျိုရှက်​ဖွယ်​ အ​ရေး။ 
မြွေကြီးနှစ်​​ကောင်​ ​တောင်​​တော်​ထိပ်​က 
ချောင်းကြည့်​လို့​လေး။ ။

မန္တ​လေး​တောင်​​တော်​ဦးက
ကြည်​နူးဖွယ့်​ အမှန်​။
ညင်း​လေပျို ​ကြည်​ရွှင်​ပြ
ချွင်​ချွင်​မြ ဆည်းလည်းသံ။ 
ဟော ကြည့်​ပါ့ နန်း​တော်​ယံ
ဧရာခံ ​တောင်​တန်း။ 
ဇေယျာ​တောင်​ ထုံးဖြူ​ဖွေး​လွှ 
အေးမြထုံလွှမ်း။ ။

ဟိုဘက်​မယ်​ ကြည့်​ပါဦး
ရှုမဆုံး ​တောင်​တန်း​တွေ။ 
မှိုင်းပြာရီ ညို​မှောင်​သန်းတဲ့
ရှမ်းတို့ဌာ​နေ။
သာ​မောစွ မြို့ပြ​ခြေ
ရန်​ကင်း​တောင်​နေညို​အသွေး။ 
အောင်​ပင်​လယ်​ တစ်​​ခေါက်​သွားလို့
နားဦးစို့​လေး။ ။

သီချင်းသံ ​မောင်​ဆိုပြ
ချိုမြလှတာ။ နှစ်​ကိုယ်​တူ
မြင်းလှည်း​လေးနဲ့ ​ပြေးထွက်​ခိုက်​မှာ။
ချစ်​လွန်းငယ်​ သံသာ
သီဆိုကာဟစ်​​ကြွေး။
နှလုံးခုန်​ ပီတိလွှမ်းဖွယ်
နမ်းလိုက်​လို့​လေး။ ။
" သစ်​ရိပ်​ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်