ဘယ်ပန်းချီ ရေးလို့မမှီ
" ဘယ်ပန်းချီ ရေးလို့ရယ် မမှီ "
ကောက်ကွေးမျဉ်းသွယ် ခြစ်ရစ်နွယ်ယှက်
ခဲချယ်မှောင်လင်း စုန်ဆန်သွင်းလျှက်
မြင်ကွင်းပုံနှယ် မယွင်းပြီ။ ။
ရောင်စုံချယ်သ ကြွတက်လှစေ
အနုစိတ်မျဉ်း ဝိုက်ကွေ့ဆင်းကာ
မွှေးညှင်းချွေးပေါက် စက်ဝန်းချီ။ ။
လင်းမှောင်တောက်ကြွ ဆန်းကြယ်လှအောင်
ပညာ့ဂုဏ်ရည် သန့်စင်ကြည်အေး
ပန်းချီဆေးရေး လွမ်းတေးသီ။ ။
သာယာတေးချင်း သံစဉ်သွင်းလဲ
ရင်တွင်းကဗျာ မမှီပါပဲ
ဘယ်မှာပန်းချီ မှိုင်ငေးမည်ပဲ
နန်းသီခေါင်ထွဋ် ဆွေ့ဆွေ့ညွှတ်သို့
ပျံ့ဆွတ်အံ့ဩ စုံမြိုင်တောသို့
လွင့်မျောဝဠာ တိမ်သဉ္ဇာသို့
မှန်စွာနုသွေး နက်မှောင်ကွေး
လက်ရေးပန်းချီ ခန့်ထည်ပြီတည့်။ ။
" သစ်ရိပ်ညို "
ကောက်ကွေးမျဉ်းသွယ် ခြစ်ရစ်နွယ်ယှက်
ခဲချယ်မှောင်လင်း စုန်ဆန်သွင်းလျှက်
မြင်ကွင်းပုံနှယ် မယွင်းပြီ။ ။
ရောင်စုံချယ်သ ကြွတက်လှစေ
အနုစိတ်မျဉ်း ဝိုက်ကွေ့ဆင်းကာ
မွှေးညှင်းချွေးပေါက် စက်ဝန်းချီ။ ။
လင်းမှောင်တောက်ကြွ ဆန်းကြယ်လှအောင်
ပညာ့ဂုဏ်ရည် သန့်စင်ကြည်အေး
ပန်းချီဆေးရေး လွမ်းတေးသီ။ ။
သာယာတေးချင်း သံစဉ်သွင်းလဲ
ရင်တွင်းကဗျာ မမှီပါပဲ
ဘယ်မှာပန်းချီ မှိုင်ငေးမည်ပဲ
နန်းသီခေါင်ထွဋ် ဆွေ့ဆွေ့ညွှတ်သို့
ပျံ့ဆွတ်အံ့ဩ စုံမြိုင်တောသို့
လွင့်မျောဝဠာ တိမ်သဉ္ဇာသို့
မှန်စွာနုသွေး နက်မှောင်ကွေး
လက်ရေးပန်းချီ ခန့်ထည်ပြီတည့်။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment