ချစ်ခြင်းဖွဲ့မာယာကကြိုး

" ချစ်ြခင်းဖွဲ့ မာယာ ကကြိုး"

"စာကျက်ပါ သူငယ်ချင်း ဝင်းမောင်ရယ်
စာမေးပွဲက အရမ်းနီးပြီလေ မင်းခံစားနေရတာ
ငါ သိပါတယ် "နှင်း"ရဲ့အသည်းက
မင်းအပေါ် အေးစက်နေမှန်း သိသားနဲ့ကွာ"
"နှင်း"က အရမ်းလှတယ် ။
"ယောကျာင်္းလေးတွေကို အသုံးချနေကျလေ။
သူမ မရသေးတဲ့ ဘာသာ၊ပုဒ်စာကို မင်းလို
ချစ်မိသူတိုင်း ပေးဆပ်ခဲ့ရတယ်"
"ကိုယ့်ထက် နှင်း လိုအပ်တဲ့စာကိုပဲ ကျက်ပြီး
ရှင်းပြရင်း တခဏ အနားကပ်ခွင့်အောက်မှာ
 နောင်နှစ် ခွဲခွာခြင်းတွက် ကျေနပ်ခဲ့ကြတယ်"
"မင်းအချိန်ထက် မင်းဘဝကို သူ့အတွက်
မဖြစ်ပါစေနဲ့ကွာ သိသိနဲ့မမိုက်ပါနဲ့ မင်းအ
တွက် "ငါ"ဘာလုပ်ပေးရမလဲ"။.......... ။
........ ....

""နှင်း" နက်ဖြန်စာမေးပွဲတွက် ကိုယ့်ကိုဖတ်ပြလေ"
"တညလုံးကျက်ထားလို့ မျက်လုံး မဖွင့်နိုင်တော့ဘူးကွာ"
နှင်း ရဲ့စာဖတ်သံလေး ခပ်လွင်လွင်
ကျေနပ်တဲ့မျက်နှာလေးနဲ့ ဖတ်ပြနေရှာတယ်။
"ဗြုန်း"ကနဲ သန့်စင်ဆိုသူ နှင်းရဲ့ဘေးနား
ဇွတ်ဝင်ထိုင်လာသည် ။
နှင်း စာဖတ်သံရပ်သွားသည်။
မျက်လုံးဖွင့်ကြည့်တော့ မျက်လုံးလေး
ကလယ်လယ်နဲ့ "နှင်း"။
တချိန်ကအမှားတွက် တောင်းပန်နေသယောင်။
နှင်းကို တစ်ဘက် လွယ်အိပ် တစ်ဘက် ဆွဲ ထွက်ရာ
"နှင်း"တစ်ယောက်ကဗျာကသီ
စာအုပ်လေးပိုက်၍ တရွတ်တိုက်ပါလာခဲ့
သည်။
အချစ် မာယာရှင်မလေး နှင်း ။
သူမ၏ ကကြိုးက ကျနော့် အတွက်တော့
အချစ်စစ်တုရင်ထက်က နယ်ရုပ်လေး
တစ်ရုပ် ဖြစ်ခဲ့လေပြီ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်