ခွင့်လွှတ်ပါ သူငယ်ချင်း

"ခွင့်လွှတ်ပါ သူငယ်ချင်း"

မိန်းကလေး တယောက်နဲ့
သူငယ်ချင်း ဖြစ်ခဲ့တယ်
သူကpostတွေ အများကြီးတင်တယ်။
ကောင်းပါတယ်။
facebookဝေဆာ သစ်လွင်တာပေါ့
သူကမာန အရမ်းကြီးတယ်
မာန်တက်တာပေါ့။
ကောင်းပါတယ်။
မိန်းကလေးဆိုတာ မာနရှိရမှာပေါ့
ခပ်ပေါ့ပေါ့လေး ရေးသားတတ်တယ်
လွတ်လွတ်လပ်လပ်ပေါ့။
ကောင်းပါတယ်။
စာပေဆိုတာ တခေတ်ဆန်းလာယင်
ရေစီးကြောင်းအပြောင်းအလဲအပေါ်
အတွေးအမြင်သစ်တွေနဲ့
တိုးတက်လာတာပါပဲ။
ဒါပေမယ့် ဘာသာမတူကွဲ နေတော့
မြန်မာမှုကို မျက်ကွယ်ပြုတယ်
ရိုင်းတယ်ပေါ့။
နောက် အနှစ်သာရရှိတဲ့
စကားအင်္ဂါ အလင်္ကာတွေကို
ပေါ့ပေါ့တန်တန် ရေးသားတယ်။
သွေးတက်တဲ့
စွယ်စုံ ပညာရှင်မလေးရယ်ပေါ့
ကိုယ့် သူငယ်ချင်း မှားတော့မယ်
စာပေ ယဉ်ကျေးမှု
အမျိုး / လူမျိုး
ဘာသာ သာသနာ
နိုင်ငံ ကို မစော်ကား
မနှိမ့်ချပါနဲ့ သူငယ်ချင်း
တို့လက်မခံပါဘူး
တို့နိုင်ငံကိုဒို့ချစ်တယ်
တို့အမျိုးကိုဒို့လေးစားတယ်
တို့စာကိုဒို့မြတ်နိုးတယ်
တို့တိုင်းပြည် တို့လူမျိုးက
တိုးတက်မှုနှေးပေမယ့်
အဘိဓမ္မာစကား ကြွယ်ဝတယ်
မေတ္တာတရား ရှေ့ထားတယ်
မီးရထား လေယာဉ်ပျံ
မမြင်ဘူးတဲ့ အရပ်ဒေသကလူတွေ
ရှိနေသေးပေမယ့်
အစွမ်းကုန်ရိုးသားကြတယ်
ဒါကြောင့် တို့တိုင်းပြည်ကို
မစော်ကားမိပါစေနဲ့ သူငယ်ချင်း
အခုတော့ မင်းကိုသူငယ်ချင်း
အဖြစ်က ယာယီစွန့်လွှတ်
အပြစ်ပေးရပါတော့မယ်
ခွင့်လွှတ်ပါ သူငယ်ချင်း ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်