အဝလွန်

” အဝလွန် ”

အဆီများပေရဲ့
ဗိုက်သားက တစ်တောင်ထွာ။

တစ်နပ်စာ ပန်းကန်ပြား
လင်ပန်းလား ဗျာ။

အားရစွာ
အစားမှာ တကထဲ။

ခဏနှင့် အိပ်ပျော်
ဟောက်သနော် မတရား
မီးရထား ဘွိုင်လာအိုးလိုဖြင့်
လေအိုးမှာ တွန်သံကျူးတယ်
ရှုးရှုး ရှဲရှဲ။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်