ရိုးရိုးကျင့် မြင့်မြင့်ကြံ

" ရိုးရိုးကျင့် မြင့်မြင့်ကြံ "

မျိုးအဆွေ
ရိုးလေတဲ့ ဂုဏ်သတင်းမှာလ
ထုံသင်းပျံ့ မွှေးကြူကြူ
ဖေးမလို့ ကူ။

တွေးဆယူ တူအသည်းဖြင့်
မူကွဲ က ကြောင်းရာစုံတယ်
ပေါင်းကာဆုံ နွယ်ရှင်အရစ်မှာ
ပယ်ပစ်လာ ငြူစူကြသော်လည်း
တွယ်ချစ်စွာ ကြည်ဖြူမြဲမို့
တွဲညှိလို့ ယူ။

ဖြူစင်အေး စေပေါ့
ယဉ်ကျေး တဲ့ ပြုမူတွေပါ
ဦးညွှတ်လေ မျိုးစုံအမှန်
ရိုးဂုဏ်ခံ စိတ်ရင်းတူဖြင့်
ဖေးကူကွဲ့လေး။

အကြောင်းခံ လူ့မနောမှာတဲ့
သူ့ပြောဟန် နောက်ဆံတင်း ပါပေါ့
ဖောက်ပြန်ခြင်း ရယ်တဲ့ အဟောသိကံ
ပြောမည့်ကြံ သဏ္ဍာန်ထုတ်ခါပါ့
မှန်တာလုပ် ဟုတ်တာပြောကြကွယ်
ကံအထုတ် ချုပ်ကာနှောလျက်
ပြောကြစို့လေး။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်