မကောင်းမှုရှောင် ကောင်းမှုဆောင်
" မကောင်းမှုရှောင် ကောင်းမှုဆောင် "
စက်ရထား
ရဟတ်ချား ချက်တိုင်။
နေ့တိုင်းပင် အလုပ်သွား
မအားလပ်နိုင်။
ဝမ်းတစ်ကပ် ထွာဆိုင်မယ်
မယိုင်ဘို့အရေး။
ဇွဲလုံ့ လ ပိုင်ပိုင်
ကြံ့ခိုင်လို့ ရိုးသားကြ
ကြိုးစားမှလေး။
အချိန်ကုန် အလုပ်များ
ငွေစားသည့် မျိုးစုံတွင်။
လောင်းကစား အပျော်အပါး
သောက်စားလည်း မခုံမင်။
နိုက်ကလပ် မဝင်
ဆင်ခြင်ဘို့ အရေး။
ယခုကောင်းပါမှ
နောင်ကြောင်းခံ သံသရာကောင်းအောင်
ကြောင်းကျိုးညီ နေထိုင်တတ်စွာ
တည့်မတ်ပါလေး။
အနားယူ သင်ယခု
မကြာပြု ဦးခိုက်ချီ
မြတ်ဘုရားစေတီ။
လှူဒါန်းရ အလီလီ
ရွှင်ကြည်သာ အတွေး။
ကောင်းမှုစေ မြတ်ဒါနဖြင့်
မြတ်သီလ ပွားလို့ပေ
များဝေနေ မေတ္တာပြုကာ
တောင်းဆုချွေပေး။ ။
" သစ်ရိပ်ညို "
စက်ရထား
ရဟတ်ချား ချက်တိုင်။
နေ့တိုင်းပင် အလုပ်သွား
မအားလပ်နိုင်။
ဝမ်းတစ်ကပ် ထွာဆိုင်မယ်
မယိုင်ဘို့အရေး။
ဇွဲလုံ့ လ ပိုင်ပိုင်
ကြံ့ခိုင်လို့ ရိုးသားကြ
ကြိုးစားမှလေး။
အချိန်ကုန် အလုပ်များ
ငွေစားသည့် မျိုးစုံတွင်။
လောင်းကစား အပျော်အပါး
သောက်စားလည်း မခုံမင်။
နိုက်ကလပ် မဝင်
ဆင်ခြင်ဘို့ အရေး။
ယခုကောင်းပါမှ
နောင်ကြောင်းခံ သံသရာကောင်းအောင်
ကြောင်းကျိုးညီ နေထိုင်တတ်စွာ
တည့်မတ်ပါလေး။
အနားယူ သင်ယခု
မကြာပြု ဦးခိုက်ချီ
မြတ်ဘုရားစေတီ။
လှူဒါန်းရ အလီလီ
ရွှင်ကြည်သာ အတွေး။
ကောင်းမှုစေ မြတ်ဒါနဖြင့်
မြတ်သီလ ပွားလို့ပေ
များဝေနေ မေတ္တာပြုကာ
တောင်းဆုချွေပေး။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment