ကျနော့်နာမည် ငဖြီး ၂

"ကျနော့် နာမည် ငဖြီး"
အပိုဒ်(၂)

ကားပေါ်၌ ကိုယ့်အတွေးနှင့်ကိုယ်
ပျော်နေမိသည်
"ငါ အခု တက္ကသိုလ်ကျောင်းသား"
"အဟိ "
ကားကြီးက လကြမ်းပြင်သို့သော
ကျောက်စရစ်လမ်းမပေါ် လှုပ်လီလှုပ်လဲ့
ကားပေါ်မှလူများ ကားစက်သံစည်းချက်
နှင့် ဟန်ချက်အညီ ယိမ်းနေကြသည် ။
အကတိုက် နေကြသလိုပင်။
ကြည့်ရင်း ရယ်ချင်မိသည်။

အိပ်နေသူ ငေးနေသူ ပုံစံမျိုးစုံ
အားလုံး တူညီတာကသင်္ကြန် အက
ယိမ်းတိုက် နေကြခြင်းပင် ရယ်ချင်သပ
အူထဲအလိပ်လိုက် အလိပ်လိုက်
ဒီကြားထဲ ဆေးလိပ်ဖွာနေသော
အဒေါ်ကြီးက ကျနော့် ကို
လေ့လာသည့် အကြည့်နှင့် လှမ်းကြည့်ခိုက်
ကျနော် လည်းပြန်ကြည့်မိသည်
အဒေါ်ကြီး ဆေးလိပ်ဖွာတာ ရယ်ချင်စရာ
သွားကမရှိ၍ ဒေါင်လိုက်တွန့်နေသော
အပေါ်အောက် နှုတ်ခမ်းဖြင့်
ဆေးလိပ်ဖွာနေပုံ အဟိ ရယ်ရတယ်
သို့မှ မျက်နှာလွှဲ လွှဲကြည့်မိသည့်
ကားလမ်းဘေး မြင်ကွင်းက
လေယူရာ ယိမ်းနွဲ့နေသော စပါးပင်များ
လေတိုက်လိုက် ယိမ်းလိုက်
ကားပေါ်ကလူတွေနှင့် အတူတူ သင်္ကြန်
ယိမ်းတိုက် ကနေကြသည် အဟိ
ဒီကြားထဲ ကားကဆောင့် ကလေးငယ်
လန့်နိုးအော်ငိုသံ ကြားရာလှမ်းကြည့်မိ၏
"အဟားဟား" ရီစရာကောင်းမှကောင်း
ကလေးငိုတာကို မချော့ပဲ သူ့အမေက
နို့ထုတ်တိုက်သတဲ့ ဘာဆိုင်လို့လဲ
ပွေ့ပြီးချော့ရောပေါ့ ဟိ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်