ချစ်နှင်းဆီ
" ချစ်နှင်းဆီ "
နေခြည်လျှမ်း
ပွင့်လန်းစ ချိန်ခါပေ
ဖူးပွင့် ဝေ လှသည့်ပန်း
လန်းလျှက်ပါလေ။
ပန်းမာရ်စေ
တင့်လှပေ ဂုဏ်သတင်း
ဆင်း ရနံ့ အထူးပြည့်လျှံ
ဆူးဝန်းရံညှဉ်း။ ။
နီနီသွေး
ကြည်အေးစွ အိုနှင်းဆီ
လှသိင်္ဂီ ဆောင်တော်ကူး
မြူးလွင့်ဟန်ချီ။
ချစ်ပလီ
တင့်သည်က တစ်ပွင့်ပန်း
နမ်းမဝ ရွှင်ကြည်သည်
ရနံ့ဖြာလန်း။ ။
တော်ဝင်ပန်း
ဆင်မြန်းကြ များသူငါ
ချစ်ရည်စင် ပက်ဖျန်း
ပန်းကြိုက်တဲ့ကညာ။
ပန်ပေးကွဲ့
ပျိုလေး ကေသာ
တစ်ပွင့်သာ ပန်မယ့်ပန်း
တက်ကြွရွှင်လန်း။ ။
" သစ်ရိပ်ညို "
နေခြည်လျှမ်း
ပွင့်လန်းစ ချိန်ခါပေ
ဖူးပွင့် ဝေ လှသည့်ပန်း
လန်းလျှက်ပါလေ။
ပန်းမာရ်စေ
တင့်လှပေ ဂုဏ်သတင်း
ဆင်း ရနံ့ အထူးပြည့်လျှံ
ဆူးဝန်းရံညှဉ်း။ ။
နီနီသွေး
ကြည်အေးစွ အိုနှင်းဆီ
လှသိင်္ဂီ ဆောင်တော်ကူး
မြူးလွင့်ဟန်ချီ။
ချစ်ပလီ
တင့်သည်က တစ်ပွင့်ပန်း
နမ်းမဝ ရွှင်ကြည်သည်
ရနံ့ဖြာလန်း။ ။
တော်ဝင်ပန်း
ဆင်မြန်းကြ များသူငါ
ချစ်ရည်စင် ပက်ဖျန်း
ပန်းကြိုက်တဲ့ကညာ။
ပန်ပေးကွဲ့
ပျိုလေး ကေသာ
တစ်ပွင့်သာ ပန်မယ့်ပန်း
တက်ကြွရွှင်လန်း။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment